အသက် ၃၀ ရောက်တဲ့အခါမှာ လူတော်တော်များများဟာ အလုပ်အကိုင်၊ လက်တွဲဖော်အတည်တကျဖြစ်နေမှာပဲဆိုပြီး မျှော်မှန်းကြသလို ဖြစ်လာအောင်လည်း ကြိုးစားကြပါတယ်။ဒါပေမဲ့ အသက် ၃၀ ထဲဝင်မှ အလုပ်ကလည်းပြုတ် ရည်းစားနဲ့လည်းပြတ်သွားတဲ့ စတိုင်လစ်ဂျူဆောအွန်းအတွက်ကတော့ အိပ်မက်ဆိုးကြီးလိုပါပဲ။တစ်ယောက်တည်း လမ်းပျောက်နေတဲ့အချိန် သူ့ဘေးကို ပဟေဠိဆန်တဲ့ အချိုပွဲဆိုင်ပိုင်ရှင်လေးရောက်လာပြီး စစချင်းမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဘုနဲ့ဘောက်ဆိုပေမဲ့လည်းတဖြည်းဖြည်း တစ်ယောက်အကြောင်း တစ်ယောက် နားလည်လာတဲ့အခါမှာတော့..ချိုချိုမြိန်မြိန် မုန့်လေးတွေလို သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေ ဘယ်လိုတိုးတက်လာမလဲဆိုတာကိုဟာသလေးနှောပြီး ရိုမန်တစ်ဆန်ဆန်ကြည့်ရမှာမို့ အမြန်ဆုံးကြည့်လိုက်ဖို့ ညွှန်းဆိုလိုက်ပါတယ်နော်။