FHD
Your Friendly Neighborhood Spider-Man
လူတိုင်းစောင့်မျှော်နေကြတဲ့ Marvel ရဲ့ သည်းခြေကြိုက်Spider-man Animated series လေးလာပါပြီ။အရင်တုန်းကတည်း Tom Holland ရဲ့ Spider-Man ကိုOrigin Animation ရိုက်မယ်ဆိုပြီး လူတွေ Hype လာခဲ့တာနောက်ဆုံးတော့ ရောက်လာပြီ။ ဒီ Series က Tom Holland ရဲ့Spider-Man ကိုမှ တခြား Universe က Alternative variantအနေနဲ့ ရိုက်ပြထားတာပါ။ဒီ Spider-Man ကတော့ MCU Spider လို Ironman စပွန်ဆာပေးတာ မဟုတ်ပဲနဲ့ Norman Osborn က စပွန်ဆာပေးမှာပါ၊character အပြောင်းအလဲတွေ အများကြီးပါပြီ တစ်ချို့ ဆို Genderပါပြောင်းထားတာကိုတွေ့ရမှာပါ။ပထမ နှစ်ပိုင်းမှာတင် Spidey နဲ့ ပတ်သက်တဲ့ ဇာတ်ကောင်တွေရောCAMEO အကြမ်းတွေကိုပါ မြင်တွေ့ရမှာပါ။(Google က voice actor list မှာလည်း မျှော်လင့်ထားတဲ့ဇာတ်ကောင်တစ်ကောင်ကိုတွေ့ရပါတယ် xD)။ စပိုင်ဒီရဲ့ကာရိုက်တာက တော်တော်လေး Comic accurate ဖြစ်တယ်ပြောလို့ရပါတယ်။အမြဲနောက်ကျတတ်တာတွေ ကပျက်ကချော်အမြဲဖြစ်တာတွေCrime Fighter လုပ်တဲ့နေရာ မှာလည်း အရွှန်းဖောက်တဲ့ဟာသတွေကို ဝေဝေဆာဆာ ထည့်ပေးထားပါတယ်။ဒီလိုအရွှန်းဖောက်ဟာသတွေ pun intended တွေကိုနားလည်အောင် reference လေးတွေ ထည့်ပြန်ပေးထားပါတယ်။ဝေဖန်သူတွေဆီမှာလည်း အခြေအနေကောင်းနေပြီးတော့Comic geek တွေအတွက်လည်း အကြိုက်တွေ့နိုင်တဲ့ အတွက်လက်မလွှတ်သင့်ပါဘူး။Animation ဒီဇိုင်းကလည်း ခေတ်ဟောင်း Comic စတိုင်နဲ့လုပ်ထားပြီး Background Music တွေ စတိုင်တွေကတော့ခေတ်ရှေ့ပြေးတဲ့ စတိုင်နဲ့ တော်တော်လေး လိုက်ဖက်ညီပါတယ်။Marvel က Spider-Man ငတ်နေတဲ့ စပိုင်ဒီချစ်သူတွေအတွက်တော့ ရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းအသစ်ထွက်မှာဖြစ်ပြီးတော့ အစမှာနှစ်ပိုင်း အလယ်မှာ သုံးပိုင်းစီနဲ့ နောက်ဆုံးအပတ်မှာ နှစ်ပိုင်း လေးပတ်ထွက်ရှိသွားမှာပါ။