FHD
Good Heavens! I’m a Goose not a Swan คุณพี่เจ้าขาดิฉันเป็นห่านมิใช่หงส์
မြန်မာမှာ အိုးခိုင်မော့ဆိုပြီးနာမည်ကြီးတဲ့ London Sweetiesထဲက မင်းသမီးကြီး P’Bow နဲ့Paomook, Devil in lawတို့ထဲက မင်းသားချော Pon Nawaschတို့ရဲ့ ဇာတ်လမ်းတွဲသစ်လေး ထွက်ရှိလို့လာပါပြီ…ဒါရိုက်တာကလည်း နာမည်ကြီးဆိုတော့ ဘယ်လိုထွက်ရှိလာမလဲဆိုတာ ရှုစားကြပါဦး…ဂျိဒ်ဆိုတာ အရှေ့ကစီနီယာတွေကိုကျော်ပြီး ရုပ်သံလိုင်းက ဖူးဖူးမှုတ်ထားတဲ့ နာမည်ကျော်တက်သစ်စ မင်းသမီးတစ်ယောက်ပေါ့…ဒါပေမဲ့ ဂျိဒ်နဲ့တွဲရိုက်ဖူးတဲ့ မင်းသားတစ်လက် MLMလိမ်လည်မှုမှာပါသွားတာနဲ့ပတ်သက်လို့ ဂျိဒ်ကိုပါသံသယဝင်ပြီးစစ်ဆေးမှုခံယူရမယ်လို့ဖုန်းဝင်လာချိန် ဂျိဒ်တစ်ယောက်လန့်ဖြန့်ပြီး ရိုက်ကွင်းမှာ လှေပေါ်ကနေ ပြုတ်သွားပါတော့တယ်…သူပြန်သတိရလာချိန်မှာတော့ ဂျိဒ်တစ်ယောက် ဘုရင်ခေတ်က သေကြောင်းကြံတဲ့ဘွန်တာဆိုတဲ့ ဆောင်ကြာမြိုင်က ပြည့်တန်ဆာမလေးနေရာကို ရောက်နေတာ သိလိုက်ရချိန်မှာတော့…ရှေးခေတ်ရောက်မှ စင်ပေါ်ကကျွန်မဘဝကနေ ချော်တောငေါ့ပြီး ဆောင်ကြာမြိုင်မှာ ပြည့်တန်ဆာဖြစ်သွားတဲ့ဘွန်တာတစ်ဖြစ်လည်းဂျိဒ်တစ်ယောက် ဒီဘဝဆိုးကနေ လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားမလဲ…ဘွန်တာကိုကယ်ပေးလိုက်တဲ့ သခင်လေး သူခရတ်ကရော ဘွန်တာကို ဘယ်လိုကူညီသွားမလဲဆိုတာအလွဲလေးတွေ အခွီလေးတွေနဲ့ ဒရာမာလေးပေါင်းပြီး ရှုစားလိုက်ကြရအောင်ပါ…