Aindham Vedham ஐந்தாம் வேதம் FHD

Aindham Vedham ஐந்தாம் வேதம்

Mystery FHD 2024-10-25 8

တောင်ပိုင်မင်းသမီး စိုင်းဒါဟန်ရှီကာရဲ့ မကြာသေးခင်ကထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကျယ်ရုပ်သံစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။အမေဖြစ်သူ ကွယ်လွန်သွားတာမို့ ဓလေ့ထုံးစံအရ အမေ့နာရေးအတွက် လှူဒါန်းမှုပြုဖို့မြို့လေးတစ်ခုကို ရောက်နေတဲ့ အန်နူ။ငယ်ငယ်လေးကတည်းက အမေနဲ့ပဲနေပြီး အဖေနဲ့ခပ်ကင်းကင်းနေခဲ့ရသူမို့ အဖေဖြစ်သူနဲ့ သိပ်အကြောမတည့်လှ။အမေဖြစ်သူနာရေးအတွက် လုပ်စရာရှိတာတွေလုပ်ပေးပြီး ပြန်ဖို့လုပ်တဲ့အချိန် တည်းခိုခန်းပိုင်ရှင်ကသူ့ကို သေတ္တာတစ်လုံးပေးပြီး ချက်ချင်းပဲသေသွားခဲ့ပါတယ်။မတော်တဆမှုဖြစ်တဲ့အတွက် အန်နူတစ်ယောက် ဘာမှတော့မဖြစ်ပေမဲ့ ထူးခြားမှုတွေနဲ့အတူတည်းခိုခန်းပိုင်ရှင်ကြီးပေးခဲ့တဲ့သေတ္တာတစ်လုံးနဲ့ တိုင်ပတ်ပါတော့တယ်။အဲဒါအပြင် အေအိုင်အက်ပ်ထဲက စက်ရုပ်မနဲ့ သမီးရည်းစားလိုဆက်ဆံနေတဲ့ နည်းပညာသမားနဲ့အတူခရီးထွက်ရတဲ့အခါ…။သူ့ပါးစပ်က ကျိန်လိုက်တိုင်း အမှန်တကယ်တွေဖြစ်လာတဲ့အခါမှာတော့…။