Thursday’s Widows FHD

Thursday’s Widows

Drama FHD 2023-09-14 6.458

အယ်တို့စ် ဒီလက်စ်ကတ်စ်ကားဒက်စ်လို့ခေါ်တဲ့ကြွယ်ဝသူတွေသီးခြားနေထိုင်ကြတဲ့ နေရာမှာလူတစ်ယောက်ရဲ့အိမ်က အမျိုးသားအလောင်း၃လောင်းတွေ့ခဲ့ရပြီး အားလုံးက သာမန်မတော်တဆဖြစ်တာလို့ ထင်ထားကြတာပါ။ဒါပေမဲ့ စုံစမ်းမှုတွေလုပ်ကြည့်တဲ့အခါမှာတော့ နောက်ကွယ်မှာရှုပ်ထွေးနက်နဲတဲ့ ကိစ္စတွေရှိနေတာကို သိလာကြရပါတယ်။စုံစမ်းမှုတွေလုပ်ရင်း ထိုဆုံးပါးသွားတဲ့ အမျိုးသားတွေရဲ့ဇနီးသည်တွေရဲ့ ဇာတ်ကြောင်းဟာလည်း တစ်ဖန်ပြန်လည်လာပါတယ်။ထိုအမျိုးသမီးတွေဟာ ကြာသပတေးနေ့မုဆိုးမများဆိုပြီးနာမည်ခံပြီးအမျိုးသမီးအဖွဲ့တစ်ခု ဖွဲ့ထားတာပါ။ကြာသပတေးနေ့တွေဆိုရင်သူတို့အမျိုးသားတွေက မရှိကြလို့ပါတဲ့။အပေါ်ယံမှာတော့ ထိုအမျိုးသမီးတွေဟာ ပြီးပြည့်စုံတဲ့ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေရပုံပေါက်နေပေမဲ့တကယ်တမ်းမှာတော့ လျှိ့ဝှက်ချက်များစွာ ကိုယ်စီနဲ့ပါ။ဒါပေမဲ့ သူတို့ရဲ့အရေခြုံ ချမ်းသာကြွယ်ဝမှုဘဝတွေ ဇာတ်လမ်းတစ်ပိုင်းချင်းစီမှာဘယ်လိုကွာကျလာပြီး အမှန်တရားကိုဖော်ထုတ်မလဲဆိုတာတကယ်ကို စိတ်ဝင်စားစွာနဲ့ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။အပိုင်း၆ပိုင်း ပါဝင်ပြီး တစ်ပိုင်းကို ၄၅မိနစ်ခန့်ကြာမြင့်တဲ့ဒီစီးရီးမှာတစ်ပိုင်းချင်း ဇာတ်ရှိန်မြင့်မြင့်နဲ့ ဆွဲခေါ်သွားနိုင်မယ့် စီးရီးလေးဖြစ်ပါတယ်။

အပိုင်းများ

Season - 1