Prime Target FHD

Prime Target

Crime Drama FHD 2025-01-22 7.7

အက်ဒ်ဝက်လို့ခေါ်တဲ့လူငယ်ဟာဆိုရင် ကိန်းဘရစ်ခ်ျတက္ကသိုလ်ရဲ့ သင်္ချာဘွဲ့လွန်အတန်းကိုတက်နေတဲ့ ပါရမီရှင်ကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ပါရမီပါတဲ့အပြင် အရမ်းကြိုးစားပြီး စူးစမ်းချင်တဲ့စိတ်ကအတန်အသင့်လေးခေါင်းမာတဲ့ပုံစံဖြစ်နေပါတယ်။ဒါ့အပြင် သူက ကိန်းဘရစ်ခ်ျရဲ့ ထိပ်တန်းဝါရင့်ပါမောက္ခချုပ်ဟောင်းဆီမှာလည်း တိုက်ရိုက်ကြီးကြပ်ခံရပြီး သင်ယူမှုကိုရယူနေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ဖြစ်ချင်တော့ အက်ဝက်ဒ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သုတေသနစာတမ်းကို ပြုစုလေ့လာနေတာပါ။အဲဒါကတော့ သုဒ္ဓကိန်းစဉ်တန်းတွေကို အနက်အဓိပ္ပါယ်ကို သင်္ချာအစတည်ရာ အရှေ့အလယ်ပိုင်းဒေသတွေရဲ့ သမိုင်းကြောင်းတွေ ဒဏ္ဍာရီတွေနဲ့ယှဉ်ပြီး ကမ္ဘာကြီးရဲ့ဖြစ်တည်မှုကို အဖြေထုတ်နေတာပါပဲ။ဒါကို သူ့ရဲ့လက်ပွန်းတတီးဆရာဖြစ်တဲ့ ပါချုပ်ကြီးကသိနေပေမယ့်လည်း ကျန်းမာရေးအခြေအနကြောင့် မကြီးကြပ်ပေးနိုင်ဖို့ဖြစ်သွားပါတယ်။ဒါပေမဲ့ ပါချုပ်ကြီးက သူ့ရဲ့ အရင်က နာမည်ကျော်တပည့်ဟောင်းလည်းဖြစ် တစ်ချိန်ထဲမှာ သင်္ချာပါရဂူအပြင် အနုပညာယဉ်ကျေးမှူးသမိုင်းကြောင်းပညာရှင်လည်းဖြစ်တဲ့ “ရောဘတ်မာလင်ဒါ” ဆိုတဲ့သူနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။အစပိုင်းမှာတော့ ပါချုပ်ကြီးအပြင် တခြားဘယ်သူ့ကိုမှ ဆရာမတင်ချင်တဲ့ အက်ဒ်ဝက်က နောက်ဆုံးမှာ မာလင်ဒါနဲ့မှ စိတ်ငြိမ်သွားပါတယ်။ဒါပေမဲ့ ထူးဆန်းစွာနဲ့ဘဲ မာလင်ဒါ့ကို အက်ဝက်က သူ့ရဲ့သုတေသနအကြောင်းရှင်းပြပြီးတစ်ရက်မှာပဲ အက်ဒ်ဝက်ရဲ့စာတမ်းကို မာလင်ဒါက ခိုးသွားပြီးဒီစာက အက်ဒ်ဝက်အတွက်အန္တရာယ်ရှိတယ်လို့ဆိုကာ စာတမ်းအချက်အလက်တွေကို မီးရှို့ပြီး အသံဖိုင်တစ်ခုချန်ကာ ကိုယ့်ကိုကိုယ်ပါသတ်သေခဲ့ပါတယ်။ဒါကို ယူကြုံးမရနိုင်တဲ့ အက်ဒ်ဝက်ဟာ ဒီလိုတွေဖြစ်သွားရတဲ့အကြောင်းအရင်းမှန်ကိုရှာဖို့ သတင်းလိုက်စုံစမ်းပါတော့တယ်။ဒီလိုနဲ့ တကယ်တမ်းနောက်ကွယ်မှာ အက်ဒ်ဝက်လေ့လာနေတဲ့စာတမ်းဟာ ဘယ်လောက်ထိအထိမခံတဲ့ ခေါင်းစဉ်ဖြစ်နေလဲဆိုတာကို ဒီစီးရီးထဲမှာ ရသမျိုးစုံနဲ့ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။