ဒီရုပ်သံစီးရီးမှာ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်တာကတော့ပြောမဆုံးပေါင်တောသုံးတောင်ဖြစ်ခဲ့တဲ့ 12th Fail (2023)ရုပ်ရှင်မှာမင်းသားရဲ့အစ်ကိုကြီးတစ်ယောက်အနေနဲ့ တွန်းအားပေးခဲ့သူမင်းသား အန်ရှူမန်ပွတ်ရှ်ကားပါပဲ။Moonwalk…တဲ့။ အတော်များများ သိကြမှာပါ။ မိုက်ကယ်ဂျက်ဆင်ရဲ့ ကမ္ဘာကျော်ကကွက်ပေါ့။ဖောက်ထွင်းမှုကို အနုပညာလို့ခံယူထားပြီး သူ့ကိုယ်သူ အနုပညာရှင်လို့သတ်မှတ်ထားတဲ့ တာရစ်။ဖောက်ထွင်းမှုတစ်ခု အောင်မြင်ပြီလို့ သူဆုံးဖြတ်ပြီးတာနဲ့ Moonwalkကကွက်ကို ကတတ်သူတစ်ယောက်။ကံဆိုးချင်တော့ စီစီတီဗွီတွေကို ဖြုတ်ထားပေမဲ့ တိပ်ခွေကိုယူလာခဲ့ဖို့မေ့ပြီး သူ့ရဲ့Moonwalkကကွက်နဲ့အတူပဲဂျေးအောင်းလိုက်ရပါတော့တယ်။ထောင်ထဲမှာ သူကြည်ညိုခဲ့ရတဲ့ ဖောက်ထွင်းဝိဇ္ဇာကြီးနဲ့ဆုံရတဲ့အခါ ပညာဆည်းပူးဖို့ ကြိုးစားတာပေါ့။ဒါပေမဲ့ အပြင်မှာကျန်ခဲ့တဲ့ ချစ်ရသူလေးကို မတ်ဒီဆိုတဲ့ ဘယ်ကပေါ်လာမှန်းမသိတဲ့ ကောင်တစ်ကောင်ကမ,သွားပြီး အဲဒီကောင်က သူ့အကြောင်းတွေကိုသိနေတဲ့အခါ။အဖေဖြစ်သူက နာမည်ကျော်ဂန်းစတားကြီးဖြစ်ပေမဲ့နက္ခတ္တဗေဒကိုပဲ စိတ်ဝင်စားတဲ့ သားဖြစ်သူကျောင်းဆရာတစ်ယောက်။ဒီလိုဇာတ်ကောင်တွေ အကြောင်းတိုက်ဆိုင်လို့ ဆုံတွေ့ကြတဲ့အခါမှာတော့…။အပိုင်းဆယ်ပိုင်းနဲ့ ကြည့်ရှုသူပရိသတ်ရဲ့ စိတ်အာရုံကို ဖမ်းစားသွားမှာမို့ ခံစားကြည့်ရှုကြပါဦး။