အချိန်ပေးရတန်စေမယ့် မှုခင်းဒရာမာ web-series လေးတစ်ခုကိုမာဆလာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနိုင်ငံမြောက်ပိုင်းရဲ့ အေးချမ်းတိတ်ဆိတ်တဲ့မြို့ငယ်လေးတစ်မြို့မှာ အမှုအခင်းတွေဖြစ်တာ အင်မတန်နည်းပါတယ်။ခိုးမှု၊ ပတ်စပို့ပျောက်မှု၊ ဖိနပ်ပျောက်မှုတွေလောက်ပဲ မြင်တွေ့ရတတ်တဲ့ မြို့လေးပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ အဲဒီမြို့လေးရဲ့ ရဲစခန်းကို မိန်းမပျောက်လို့ပါဆိုပြီးတိုင်ချက်လာဖွင့်တဲ့လူတစ်ယောက် ရောက်လာခဲ့တယ်။စခန်းမှာထိုင်တဲ့ရဲတွေက အစပိုင်းမှာ ဘာမဟုတ်တဲ့ကိစ္စပဲလို့သတ်မှတ်ပြီးပေါ့သေးသေးထင်ခဲ့ကြပေမဲ့ အဲဒီကိစ္စက ထင်သလောက်မရိုးရှင်းပဲ တဖြည်းဖြည်း ရှုပ်ထွေးလာချိန်မှာတော့..။ပျောက်ဆုံးသွားတဲ့ အမျိုးသမီးကို ရှာတွေ့မှာလား၊နောက်ကွယ်မှာ ဘယ်သူရှိနေလဲ၊ရဲတွေက အဖြစ်မှန်ကိုရှာတွေ့မှာလားဆိုတာကိုဒီဟင်ဒီစကားပြော မှုခင်းဇာတ်လမ်းတွဲထဲမှာရင်တသိမ့်သိမ့်ခံစားကြမှာဖြစ်ပါတယ်…။