ပရိတ်သတ်ကြီးတို့ မျှော်လင့်စောင့်စားနေကြတဲ့ Exchange ကတော့ S4 မထွက်ရှိခင်‘Exchange : Another Beginning ‘ ဆိုပြီး Spin-off အနေနဲ့ ပရိတ်သတ်ရှေ့ကိုတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။Panelists တွေအနေနဲ့ အရင် season တွေတုန်းကအတိုင်း Lee Yong Jin , Yura နဲ့Kim Ye Won တို့ကပဲ ပါဝင်အားဖြည့်ထားပြီး ဒီတစ်ခေါက်အစီအစဉ်မှာတော့ ခါတိုင်းလိုရည်းစားဟောင်းတွေမဟုတ်ဘဲ အရင် season 1,2,3 က cast တချို့ပြန်လည်ပါဝင်ထားပြီးတော့သူတို့ဟာ ခရီးတစ်ခု အတူထွက်ကြရမှာပဲဖြစ်ပါတယ်။Another beginning ဆိုတဲ့ခေါင်းစဉ်လေးအတိုင်း ဒီခရီးစဉ်မှာ အသစ်တစ်ဖန် ပြန်လည်စတင်နိုင်မဲ့အခွင့်အရေးနဲ့အတူ ရင်းနှီးသိကျွမ်းကြတဲ့ သူတို့တွေ အချင်းချင်း အချစ်နဲ့ ခင်မင်မှုသံယောဇဉ်ကြားအားပြိုင်လွန်ဆွဲမှု၊ ခံစားချက်အတက်အကျမျိုးစုံ၊ အူလှိုက်သည်းလှိုက် အခိုက်အတန့်မျိုးစုံကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်လိုက်ရအောင်နော်။