Study Group 스터디그룹 FHD

Study Group 스터디그룹

Comedy Action & Adventure FHD 2025-01-23 8.3

နာမည်ကြီးလူကြိုက်များတဲ့ Webtoon ကို အခြေခံပြီးရိုက်ထားတဲ့ ဒီဇာတ်ကားလေးကတော့ကျောင်းသားအက်ရှင်ဟာသ ဇာတ်လမ်းတွဲလေးဖြစ်ပြီး Hwang Min Hyun၊ Han Ji Eun၊Cha Woo Min တို့နဲ့အတူ အခြား လူငယ်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ယွန်းဂါမင်း (Hwan Min-Hyun) က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နည်းပညာအထက်ကျောင်းကကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။သပ်ရပ်တဲ့ အသွင်အပြင်နဲ့ အမြဲမျက်မှန်တပ်ထားလေ့ရှိတာမို့ စာတော်မယ့်သူလို့ထင်ရပေမဲ့တကယ်တော့ သူ့အမှတ်တွေက အမြဲအောက်ဆုံးအဆင့်မှာပဲရှိနေတာပါ။စာဘယ်လောက်ပဲကြိုးစားကြိုးစား အတတ်ပညာပိုင်းမှာ ချို့တဲ့နေတဲ့သူဖြစ်တာ​မို့ စာကလွဲပြီးခွန်အားသုံးတိုက်ခိုက်ရတဲ့နေရာမှာတော့ သူမတူအောင်အရမ်းကျွမ်းပါတယ်။တစ်နေ့မှာတော့ စာကြမ်းပိုးလေး ယွန်းဂါမင်းက သူ့အဆင့်တွေတက်လာဖို့အတွက်စာအတူတူလုပ်မယ့် စာကျက်အဖွဲ့ကိုဖွဲ့လိုက်ပါတော့တယ်။ဒီလိုနဲ့ သူတို့ အဖွဲ့ဝင်တစ်ယောက်ယောက် ဒုက္ခရောက်တဲ့အခါတိုင်း ယွန်းဂါမင်းတစ်ယောက်ဘယ်လိုတိုက်ပွဲဝင်ပြီး စာကျက်အဖွဲ့ကို ဆက်လက်ထိန်းသိမ်းသွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲရှုစားပေးပါဦးနော်။