Mismatched FHD

Mismatched

Comedy Drama FHD 2020-11-20 6.5

Mismatched (2020) ကြင်ဖူးစာမမည်လို့လားအခုတစ်ခါ ဘောလီးဝုဒ်ပရိသတ်ကြီးအတွက်ငယ်မူပြန်နိုင်ဖို့ ဆယ်ကျော်သက်ကျောင်းသားဘဝဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားလေးမှာ အဓိကဇာတ်ကောင် ရီရှီကအဘိုးတို့ခေတ်ကသုံးနှစ်သုံးမိုးစောင့်တာတို့လက်လေးကိုင်ရင်း တစ်နေကုန်တစ်တီတူးတာတို့ကိုအရမ်းကိုသဘောကျတတ်တဲ့ အိုးစကူး(old-school)ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ပါ….သူ့ဘဝမှာ အချစ်ကိုရှာဖွေတဲ့အခါမှာ ကြိုက်မိသွားတဲ့ကောင်မလေးကဂိမ်းတွေဆော့ ကုဒ်တွေရေးအက်ပ်တွေရေးနေတဲ့မျက်မှန်လေးပြူးပြူးနဲ့ အိုင်တီဂဲလ်လေးဖြစ်တဲ့ ဒင်ပယ်လ်ကိုပါတဲ့အကြောင်းရင်းလေးကတော့ ဒင်ပယ်လ်လေးကအရမ်းကိုသဘာဝဆန်စွာနဲ့ပဲ မပြုမပြင်မဖီးလိမ်းပဲနေတတ်လို့ပါတဲ့သူတို့နှစ်ယောက်တွေ့ဆုံရမယ့်နေရာလေးက နွေရာသီကွန်ပြူတာသင်တန်းတစ်ခုမှာပေါ့လူငယ်ကျောင်းသားတို့ သဘာဝ ကျောင်းတက်လိုက်မုန့်စားလိုက် ဖွန်ကြောင်လိုက် စာလေးကြိုးစားလိုက်နဲ့ ဘဝကိုကြည့်ရင်းကိုယ်ပါ မရှိတဲ့ရည်းစားဟောင်းတွေလွမ်းပြီးတစ်ခါက တက္ကသိုလ်ကြီးကို သတိရသွားအောင်အခုပဲ အားပေးလိုက်ကြဖို့ လက်တို့ပေးရင်း ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်