Partner 파트너 FHD

Partner 파트너

Drama FHD 2009-06-24 5

မုဆိုးမ ကလေးတစ်ယောက်အမေဖြစ်တဲ့ ဂန်အွန်းဟို (Kim Hyun Joo) ဟာ နယ်ကနေ ဆိုးလ်မြို့ကိုတက်ချင်နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပြီး တစ်နေ့ သူ့အဘိုးရဲ့ အသိမိတ်ဆွေကြောင့် ဆိုးလ်မြို့မှာရှိတဲ့law firm မှာ အလုပ်ဝင်ရဖို့ ဖြစ်လာပါတော့တယ်။သို့သော်လည်း အသက်အရွယ် လုပ်ငန်းအတွေ့အကြုံအရကြောင့် ရုံးမှာရှိတဲ့သူတော်တော်များများရဲ့ငြိုငြင်ခြင်းကိုခံရပေမဲ့လည်း ဥပဒေရုံးကိုယ်စားလှယ်ကတော့ ဂန်အွန်းဟိုကို ရှေ့နေအီထယ်ဂျို(Lee Dong Wook) လက်အောက်မှာ ထားကာ အမှုတွေကို ပူးပေါင်းကိုင်တွယ်ဖို့ ဖြစ်လာတဲ့အခါ..သူတို့နှစ်ယောက် ဘယ်လိုအမှုတွေကို ဖြေရှင်းကြမလဲ..။ဂန်အွန်းဟိုနဲ့ အီထယ်ဂျိုတို့နှစ်ယောက် အနေနီးကပ်လာတဲ့အခါ ဘယ်လို ခံစားချက်တွေပေါက်ဖွားလာကြမလဲ… စတာတွေကို ဒီဇာတ်လမ်းတွဲလေးမှာ ကြည့်ရှုပေးကြပါဦးနော်။