Everlasting Longing 相思令 FHD

Everlasting Longing 相思令

Drama FHD 2025-01-20 8.3

Yan Nan မြို့ က ကုန်သည်မိသားစုရဲ့ တရားမဝင်သားဖြစ်သူ Jun Fei Fan လို့အများက သိထားကြတဲ့ Jun Qi Luo ဟာ တကယ်တမ်းတော့ မိသားစုထဲက အကြီးဆုံးသမီးဖြစ်ပြီးသက်သေအထောက်အထား ၂ မျိုးနဲ့ နေထိုင်တဲ့သူ ဖြစ်ပါတယ်။ဒါပေမဲ့ သူ့ကို Bei Xuan မြို့က စစ်နတ်ဘုရားလို့ အများက တင်စားခေါ်ကြတဲ့Xuanbu ခေါင်းဆောင် စစ်သူကြီး Xuan Lie က Bai Gong ရဲ့ ဆက်ဆံသူလို့ လူမှားပြီး ဖမ်းခေါ်သွားခဲ့ပါတယ်။ကိုယ့်အရပ်ဒေသမဟုတ်တဲ့နေရာမှာ Jun Qi Luo တစ်ယောက် သူလျှိုအဖြစ်စွပ်စွဲခံရ၊ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပေမဲ့နောက်ဆုံးမှာ ထွက်ပြေးဖို့ အခွင့်အရေးရလာခဲ့ပါတယ်။တစ်ဖက်မှာလည်း သူအိမ်ကနေ ထွက်လာခဲ့ချိန်မှာ မင်းသားဖြစ်သူနဲ့ သူ့ခဲအိုဖြစ်သူတို့ ပူးပေါင်းပြီးသူတို့မိသားစုက ပိုင်ဆိုင်မှုအားလုံးကို လုယူသွားခဲ့ပါတယ် ။Jun Qi Luo တစ်ယောက် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ဖခင်နဲ့ ညီမ ၂ ယောက်နဲ့အတူ မိသားစုစီးပွားရေးကိုပြန်လည်ထူထောင်ရင်း ရုန်းကန်ဖို့ ဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း Jun Qi Luo နဲ့ Xuan Lieတို့ ပူးပေါင်းပြီး မတူညီတဲ့ ရည်မှန်းချက်ကိုယ်စီနဲ့မြောက်ပိုင်းကို ခရီးဆက်ရင်း သေရေးရှင်ရေး အဖြစ်အပျက်တွေကြားသူတို့ ၂ ဦးရဲ့ ရင်ထဲမှာ အချစ်တွေ ပေါက်ဖွားလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲကံကြမ္မာကရော သူတို့ ၂ ယောက်ကို ပေါင်းဖက်ခွင့်ပေးပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦး