Us รักของเรา FHD

Us รักของเรา

Drama FHD 2025-01-18 8.3

GMM 2024 မှာ စပြီးမိတ်ဆက်ခဲ့တဲ့ GMMtv ရဲ့ တတိယမြောက် GL seriesလည်းဖြစ်new GL CP သစ် Emi-Bonnie ရဲ့ Us the series လေး  ပရိသတ်တို့ ရှေ့မှောက်ကိုရောက်ရှိလို့ လာခဲ့ပါပြီ။Pluto ပြီးသွားလို့ စနေညတွေမှ အထီးကျန်နေတဲ့ အချော်တို့လည်း 2025 ရဲ့GL journeyသစ်လေးကို Us လေးနဲ့ပဲ စပြီး‌တော့ လျှောက်လှမ်းလိုက်ကြပါစို့လား။အထက်တန်းအပြီးမှာ ရည်မှန်းချက်ပျောက်နေတဲ့ ဒေါရတ်တစ်ယောက် ကိုယ့်ရဲ့လိုရာပန်းတိုင်ကိုရှာမယ်ဆိုပြီး ကျောင်းတစ်နှစ်နားလိုက်ပါတယ်။ ဒါပေမဲ့ သူရှာတွေ့သွားတာကတော့ရည်မှန်းချက်ပန်းတိုင်မဟုတ်ဘဲ နှလုံးသားပန်းတိုင်ဖြစ်နေပါသတဲ့။ဘာလို့လဲဆိုတော့ သူအချိန်ပိုင်းလုပ်နေကျ ကော်ဖီဆိုင်ကိုလာပြီး စာအုပ်ဖတ်နေကျသွားဆရာဝန်မလေးပမ်ကို တိတ်တခိုး ချစ်မိသွားခဲ့လို့ပါ။ဘယ်လောက်ထိ အချစ်ရူးရူးလဲဆိုတော့ သွားဆရာဝန်မလေးနဲ့ တွေ့ရဖို့သကြားလုံးတွေကို ရူးရူးမိုက်မိုက်စားပြီး သွားပိုးစားခံတဲ့အထိပါပဲ။ဒါပေမဲ့ မိန်းကလေးချင်းမို့လို့ ခံစားချက်ကိုဖွင့်ဟဖို့ မဝံ့မရဲဖြစ်နေတုန်း ဒေါ့ရတ်ရဲ့ အချစ်ဦးသည်းဦးပန်းလေးကို ခူးဆွတ်မယ့်လူက ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ ရတ်ရဲ့အစ်ကိုကဝီပါပဲ။ဒီလိုနဲ့ ကဝီတစ်ယောက် ပမ့်ကိုပိုးပန်းဖို့ ရတ်ကိုအကူအညီတောင်းပြီး ပုံလေးတွေဆွဲခိုင်းတဲ့အခါမှာတော့…တစ်ဖက်ကချစ်ရသူ တစ်ဖက်က အစ်ကိုအရင်း၊ ဒီ 1500အချစ်နဲ့ 528 မေတ္တာတို့ကြားအားပြိုင်မှုမှာ ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက ဘယ်လိုတွေရှေ့ဆက်မလဲဆိုတာ ရှုစားကြပါဦး။