After School Doctor FHD

After School Doctor

Drama FHD 2024-10-12 7

ယခုတစ်ခေါက် ပရိသတ်များကို တင်ဆက်ပေးမှာကတော့ ဂျပန်ဒရမ်မာဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်…ကလေးအထူးကုဆရာဝန် Shun Makino ဟာ ဂျစ်ကန်ကန်နဲ့ ဟုတ်တိုင်းမှန်ရာကို ဘွင်းဘွင်းဆိုကာ ဆေးကုသပေးတတ်သူတစ်ဦးပါ…ထိုကဲ့သို့ သူတစ်ပါးစိတ်ခံစားချက်ကိုလျစ်လျူရှုကာ အပိုစကားမဆိုဘဲရောဂါလက္ခဏာကိုအရင်းအတိုင်း ထုတ်ဖော်ပြောပြတတ်တဲ့ဆရာဝန်တစ်ယောက်ဟာ…အကြောင်းအမျိုးမျိုးကြောင့် ကန်တိုဆေးတက္ကသိုလ်ဆေးရုံကနေ မူလတန်းကျောင်းဆေးပေးခန်းကို တာဝန်ကျချိန်မှာတော့မတူညီတဲ့ပတ်ဝန်းကျင်နဲ့ မတူညီတဲ့ဆက်ဆံရေးတွေကိုကြုံတွေ့ရပါတော့တယ်…ယခင်က အုပ်ထိန်းသူလူကြီးအများစုနဲ့သာ အဓိကပြောဆိုဆက်ဆံရပြီးသူတစ်ပါးရဲ့စိတ်ခံစားချက်ကို ခေါင်းထဲထည့်ဖို့ စိတ်ကူးမရှိခဲ့တဲ့ ဆရာဝန်တစ်ယောက်က…မူလတန်းကျောင်းသားအများစုနဲ့ ထိတွေ့ဆက်ဆံလာရတဲ့အခါမှာတော့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေရဲ့နူးညံ့သိမ်မွေ့ကာနက်နဲရှုပ်ထွေးပြီး ဂရုစိုက်ပေးဖို့လိုအပ်ပုံ ကုသပေးဖို့လိုအပ်ပုံကို နားလည်သဘောပေါက်လာခဲ့ပါတယ်…အဲဒီနောက်မှာတော့ ကျောင်းသားများနဲ့ ဆရာ/မများရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုကူညီဖြေရှင်းကုသပေးပါတော့တယ်…ထိုသို့ကူညီဖြေရှင်းပေးရင်း တိုးတက်လာတဲ့ ဇာတ်ကောင်စရိုက်ကိုကျန်းမာရေးဗဟုသုတများလွှမ်းခြုံကာ စိတ်ချမ်းမြေ့ကြည်နူးဖွယ်တင်ဆက်ထားတဲ့ ဒီဇာတ်လမ်းတွဲလေးဟာဆိုရင်…ကြည့်ရှုပြီးသူ နိုင်ငံတကာပရိသတ်များရဲ့ အပေါင်းလက္ခဏာမှတ်ချက်များကိုလည်း ရရှိထားတာဖြစ်လို့ပရိသတ်များလည်း လက်မလွတ်စေရအောင် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…