ဒီတစ်ခါမှာတော့ Netflix ကရိုက်ကူးထားတဲ့ ပထမဆုံးသောRomanian Crime Thriller Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Single mother တစ်ယောက်ဖြစ်တဲ့ ကာမီဆာဘူဟာ သူ့ခင်ပွန်းလောင်းဖြစ်တဲ့ ရဲအရာရှိလူကာဗွီနီယာနဲ့အတူ ပျော်ရွှင်တဲ့ဘဝလေးကိုဖြတ်သန်းနေတုန်း အဖြစ်ဆိုးကြီးတစ်ခု မမျှော်လင့်ပဲဖြစ်သွားပါတယ်။အမှုတစ်ခုအတွက်စုံစမ်းနေတုန်း လူကာကို နာမည်ကြီးလူဆိုးဂိုဏ်းကသတ်သွားပါတယ်။ဒီအဖြစ်အပျက်အလုံးစုံကိုမြင်လိုက်ရတဲ့ ကာမီဟာ သူ့သားလေးကိုလူဆိုးဂိုဏ်းရဲ့လက်ကနေ ကာကွယ်ဖို့နဲ့ အသတ်ခံလိုက်ရတဲ့သူ့ခင်ပွန်းလောင်းအတွက် တရားမျှတမှုကိုပြန်ယူဖို့အတွက်လူဆိုးဂိုဏ်းထဲကိုအသွင်ယူဝင်ရောက်ကာ သူတို့ရဲ့လျှို့ဝှက်မှောင်ခိုလုပ်ငန်းတွေကို ဖော်ထုတ်ဖို့ကြိုးစားပုံကို ကြည့်ရှုကြရမှာပါ။၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ထွက်ရှိထားတာဖြစ်ပြီးတော့IMDb မှာလည်း rating ကောင်းတစ်ခုကို ရထားပါတယ်။