Vienna Blood FHD

Vienna Blood

Crime Drama Mystery FHD 2019-11-18 7.3

BBC ကနေ ထွက်ရှိထားတဲ့ ဒီစီးရီးလေးဟာ သူတို့ မူပိုင်Sherlock စတိုင်အတိုင်းပဲ ဖြစ်ပါတယ်။Season တစ်ခုကို ၃ ပိုင်းသာ ပါဝင်ပြီး တစ်ပိုင်းတစ်ပိုင်းကိုရုပ်ရှင်တစ်ကားစာ ရှိပါတယ်။ ဇာတ်လမ်းပုံစံကလည်း Sherlock လိုပဲမှုခင်းတွေကို Male Lead နှစ်ယောက် ဖြေရှင်းကြတာမျိုးပါ။သူတို့က ဒီမှာ အခြေခံထားတာကျ ၁၉၀၀ ဝန်းကျင် ဗီယန်နာမြို့ ဖြစ်ပြီးဇာတ်ကောင်တွေက ဆေးကျောင်းသားတစ်ယောက်ရယ်စုံထောက်တစ်ယောက်ရယ်ပဲ ဖြစ်ပါတယ်။အိမ်က ဖြစ်စေချင်တာမျိုးကို မလုပ်ပဲ ကိုယ့်သဘောဆန္ဒအလျောက်ဖြစ်ချင်တာကို ဦးစားပေးပြီး ဆေးပညာကနေ ရာဇဝတ်သားတွေရဲ့အကျင့်စရိုက်အနေအထားကို လေ့လာချင်သူဉာဏ်ကြီးရှင် ဆေးကျောင်းသားလေးရယ်အမှုတွေကို မဖြေရှင်းနိုင်တာကြာလို့ စိုးရိမ်သောက ပူပန်တွေများပြီးအထက်လူကြီးက ထောင်းတာကို ခံနေရလို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သွေးဆူလွယ်တဲ့ စုံထောက်ကြီးတစ်ယောက်ရယ်နှစ်ဦးသား ဆုံတွေ့ဖို့ ကံပါလာကြပြီး မှုခင်းတွေကို ဘယ်လိုအတူတူ ဖြေရှင်းသွားမယ်ကိုယ်စီဘဝအခက်အခဲတွေကို ဘယ်လိုဖေးကူသွားကြမလဲဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ သမိုင်းနောက်ခံပဟေဠိတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ် ဒရမ်မာ စီးရီးကောင်းဖြစ်ပါတယ်။