Lockerbie: A Search for Truth FHD

Lockerbie: A Search for Truth

Drama FHD 2025-01-02 7.8

၂၀၂၅ ခုနှစ်ရဲ့နှစ်စမှာတော့ စိတ်ဝင်စားစရာတော်တော်ကောင်းပြီးအချိန်ပေးကြည့်ရတာတန်စေမဲ့ ဖြစ်ရပ်မှန် Series လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီ Series ရဲ့နာမည်ကတော့Lockerbie : A Search for Truth ဖြစ်ပြီး လက်ရှိ IMDb 7.8 အထိရရှိထားတဲ့အတွက် Rating ကြည့်ရုံနဲ့ကောင်းမယ်ဆိုတာတော့တန်းသိနိုင်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကလည်း Kingsman နဲ့နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ Colin Firth ကအဓိကဇာတ်ဆောင်မင်းသားအနေနဲ့တစ်ကားလုံးကိုစိတ်ဝင်စားစရာကောင်းအောင် သူ့ရဲ့လေယူလေသိမ်းတွေ သရုပ်ဆောင်ဟန်တွေနဲ့ဆွဲဆောင်သွားမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဖြစ်မှန်ကဘာလဲဆိုရင်တော့ ၁၉၈၈ ခုနှစ် ခရစ္စမတ်အချိန်ကာလနီးနေပြီဖြစ်တဲ့ အချိန် လေကြောင်းလိုင်းတွေအားလုံး အားလပ်ရပ်အိမ်ပြန်ကြမဲ့ အလည်အပတ်သွားမဲ့လူတွေနဲ့ပြည့်နှက်ပြီးအလုပ်ရှုပ်နေကြတဲ့အချိန်မှာ ပန်အမ်းလေယာဉ် ၁၀၃ ဆိုတဲ့ခရီးသည်တင်လေယာဉ်တစ်စီးကဇာတ်ကားနာမည်ထဲက လော့ကာဘီဆိုတဲ့မြို့လေးတစ်မြို့မှာဖြတ်ပျံနေတဲ့အချိန်ဗုံးပေါက်ကွဲပြီး လေယာဉ်ပေါ်မှာပါလာတဲ့ လူပေါင်း ၂၅၉ ယောက်လုံးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ဗုံးပေါက်ကွဲတယ်ဆိုကတည်းက သွေးရိုးသားရိုးမဟုတ်ဘဲ အကြမ်းဖက်သမားတွေလက်ချက်ဖြစ်မယ်ဆိုတာကို ကလေးတောင်သိနိုင်ပေမဲ့ဗြိတိန်အစိုးရကတော့ အဲ့ဒါကိုအလေးအနက်မထားတဲ့အပြင် သူတို့ရဲ့အလေးအနက်မထားမှုကြောင့်လည်း ဒီလိုရလာဒ်တွေထွက်လာခဲ့ရတာဖြစ်တဲ့အတွက် အဲ့ဒီလေယာဉ်ပေါ်ကခရီးသည်တွေထဲက ကောင်မလေးတစ်ယောက်ရဲ့ ဖခင်တစ်ယောက်နေရာကနေ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့ဖြစ်ရပ်မှန်ကိုဖော်ထုတ်သွားမဲ့ပုံစံမျိုးနဲ့ရိုက်ကူးထားတာဖြစ်တဲ့အတွက်အလွန်ကိုမှစိတ်ဝင်စားစရာကောင်းမဲ့ Series လေးတစ်ခုဖြစ်ကြောင်းညွှန်းပေးလိုက်ချင်ပါတယ်။

အပိုင်းများ

Season - 1