မင်းသမီးကြီး Molly Parker နဲ့ မင်းသားကြီး Omer Metwallyတို့ရဲ့ comeback seriesသစ်လေးဖြစ်တဲ့medical dramaအသစ်စက်စက်လေးကို CM ပရိသတ်တို့ရှုစားနိုင်ဖို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ဒီကားလေးကတော့ ထူးထူးခြားခြားပဲ zero to heroဖြစ်အောင် ကြိုးစားသွားတဲ့ဇာတ်လမ်းလေးမဟုတ်ဘဲhero to zeroအဖြစ်ကနေ တစ်ဆင့်ချင်းပြန်တက်လှမ်းရမယ့်ဒေါက်တာအေမီလာဆန်အကြောင်းပေါ့။အေမီလာဆန်လို့ပြောလိုက်တာနဲ့ တစ်ဆေးရုံလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဆေးပညာဌာနရဲ့ ဌာနမှူးသိပ်ကိုထက်မြက်ပြီး သိပ်တော်တဲ့ဆရာဝန်ပေမဲ့ အမှားဆိုနည်းနည်းလေးမှလက်မခံနိုင်သလို သိပ်ကိုအပေါက်ဆိုးတဲ့ဆရာဝန်တစ်ယောက်ပေါ့။ဒါပေမဲ့ ဒေါက်တာလာဆန်တစ်ယောက် မတော်တဆမှုဖြစ်အပြီးမှာဦးနှောက်ခွဲစိတ်မှုကြောင့် လွန်ခဲ့တဲ့ 8 နှစ်ကမှတ်ဉာဏ်တွေအကုန်ပျောက်သွားတဲ့အခါမှာတော့….ဘဝမှာဖြစ်ခဲ့သမျှ အရာအားလုံး အသစ်လိုခံစားနေပြီးတော့စိတ်ပျက်အားငယ်နေပေမဲ့ ဆရာဝန်သိပ်ဖြစ်ချင်ခဲ့တဲ့ဆန္ဒကိုတော့လက်မလျှော့နိုင်တဲ့လာဆန်တစ်ယောက် သူဌာနမှူးဖြစ်ခဲ့ဖူးတဲ့ဆေးပညာဌာနမှာပဲ အလုပ်သင်အဖြစ်နဲ့ သူ့ရဲ့မှတ်ဉာဏ်တွေကိုတစ်စစီ ဘယ်လိုလိုက်ပြန်ရှာမလဲဆိုတာကို ရှုစားလိုက်ရအောင်ပါ။