Doctors FHD

Doctors

Drama FHD 2024-12-27 8.3

မင်းသားကြီး Sharad Kelkarရဲ့ 2024 ထွက် medical dramaသစ်လေးကိုBollywood ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ အလုပ်သင်ဘဝကနေ အခုမှကျွတ်လွတ်ခါစခွဲစိတ်ဆရာဝန်ပေါက်စတစ်သိုက်နဲ့ သူတို့ရဲ့ကြီးကြပ်ရေးဆရာဝန်တို့ရဲ့နေ့စဉ်ဘဝ ရုန်းကန်မှုတွေကို ရိုက်ကူးပုံဖော်ထားတာပါ။နီတရာတို့တစ်သိုက် လက်ထောက်ဆရာဝန်အနေနဲ့ အလုပ်ဆင်းရတဲ့ပထမနေ့ကတော့ တွေးထင်ထားသလို Orientation လေးတွေဩဝါဒလေးတွေနဲ့မစလိုက်ရဘဲ ယာဉ်မတော်တဆမှုနဲ့အရေးပေါ်ကေ့စ်တွေပြုံဝင်လာတဲ့နေ့နဲ့တိုးပြီး လာလာချင်းဆောက်နဲ့ထွင်းသလို ဖြစ်သွားတော့တာပေါ့။အတွေ့အကြုံနုတဲ့ ဆရာဝန်လေးတွေဆိုတော့ အခင်းဖြစ်တဲ့နေရာကိုရောက်ပြီးခြေမကိုင်မီလက်မကိုင်မီဖြစ်၊ ခွဲခန်းထဲလည်း အမှားတွေလုပ်မိပြီးဆရာဝန်ဘဝပထမနေ့ဟာ စိတ်ပျက်အားငယ်မှုတွေနဲ့ အစပြုလိုက်သလိုဖြစ်သွားတာပေါ့။ဒါပေမဲ့ အကြံကိုယ်စီ ရည်မှန်းချက်ကိုယ်စီနဲ့ ဆရာဝန်လေးတွေ ဆေးလောကခရီးကိုလျှောက်လှမ်းကြရင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ။ လျှို့ဝှက်အကြံတွေနဲ့ဝင်လာတဲ့သူတွေကရော ရည်မှန်းချက်အောင်မြင်မှာလား။နေ့စဉ်သေမင်းနဲ့စစ်ခင်းနေရတဲ့ ဆရာဝန်တွေမှာရောဘယ်လိုအခက်အခဲတွေရှိနေလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ ရှုစားရမှာဖြစ်ပါတယ်။