ဒီတစ်ခါမှာတော့ ER ဇာတ်လမ်းတွဲထဲဲက Noah Wyle ရဲ့ အရေးပေါ်ခန်းဇာတ်လမ်းတွဲတစ်ခု ထပ်မံရောက်ရှိလာပြန်ပါပြီ ။ ကိုဗစ်ကြောင့်သူ့အထက်လူကြီး ဒေါက်တာ အဒမ်ဆင် ဆုံးပါးပြီးတဲ့နောက် ER ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရော့ဘီဟာ အလုပ်ကနေ လေးနှစ်တောင် အနားယူသွားခဲ့ပါတယ် ။ ဒီလိုကနေ သူ အလုပ်ပြန်တက်တဲ့နေ့မှာတော့ ဒဏ်ရာရလူနာပေါင်း တစ်သိန်းတစ်သောင်းအပြင် ဆေးကျောင်းသားအသစ်တွေကလည်းထပ်ရောက်လာဦးမယ်ဆိုတော့ ရော့ဘီတစ်ယောက် အရေးပေါ် ဌာနမှာဒေါင်ချာစိုင်းရပါတော့တယ် ။တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက်ဝင်လာနေတဲ့ လူနာတွေ ၊အသက်လုနေရတဲ့ ကေ့စ်တွေကို ရော့ဘီ အပါအဝင် အရေးပေါ်ဌာနကအဖွဲဝင်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့ အားလုံးစိတ်ဝင်စားစွာနဲ့အတူတူ စောင့်ကြည့်ရမှာဖြစ်ပါတယ် ။Grey’s anatomy , Dr. House , The Good Doctor တိုလိုမျိုးဆရာဝန်ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက်တော့ ကွက်တိဖြစ်မယ်လို မျှော်လင့်ပါတယ်