American Primeval FHD

American Primeval

Drama Action & Adventure Western FHD 2025-01-09 7.327

Netflix ကနေ 2025 မှာ တင်ဆက်လိုက်တဲ့ A Must Watch mini series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။1857 ဝန်းကျင် အနောက်အမေရိကန်ခေတ်ဦးကို နောက်ခံဝန်းကျင်ထားပြီး ရိုက်ကူးထားပြီး အဲဒီခေတ်အခါက ကြုံရတဲ့ အကျပ်ရိုက်မှုများစွာကို အရှေ့ဘက် ဘော်စတွန်ကနေ ခရီးဆက်လာတဲ့သားအမိနှစ်ယောက်ရဲ့ဘဝကို အခြေခံပြီး ပုံဖော်ပြထားပါတယ်။ဆာရာရိုဝဲလ်ဆိုတဲ့ အမျိုးသမီးဟာ သားဖြစ်သူ ဒက်ဗင်နဲ့အတူ ခင်ပွန်းရှိရာ အနောက်ဘက်ကို သွားဖို့ ခရီးဆက်လာကြပါတယ်။ဒါပေမဲ့ ခေတ်ကာလရဲ့ ဂယက်တွေကြောင့် လမ်းခရီးမှာ များစွာသော အခက်အခဲတွေကို ကြုံကြိုက်ရပါတယ်။သူတို့ ထွက်လာတဲ့ အနောက်အရပ်ဟာ အမေရိကန်အစိုးရ၊ လူမျိုးရေးဂိုဏ်းတွေ၊ လူမျိုးစုတွေ စသဖြင့် အမျိုးမျိုး အုပ်စုကွဲနေပြီး ရရာလက်နက်ဆွဲကိုင်ပြီး ဦးရင်ဦးသလို ချနေကြတဲ့ အချိန်ကာလဖြစ်နေပါတယ်။တစ်ကိုယ်တည်းအမျိုးသမီးကိုဆို မကူညီချင်ကြတဲ့ ပဋိပက္ခများစွာနဲ့ ခရီးလမ်းမှာ ရိုဝဲလ်တို့ သားအမိ ဘယ်လိုတွေ ဖြတ်ကျော်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရမဲ့အပြင် အနောက်အမေရိကန်ခေတ်ဦးပိုင်းကအခြေအနေ‌တချို့ကိုလည်း ‌မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။ 

အပိုင်းများ

Season - 1