Your Honor 친애하는 판사님께 FHD

Your Honor 친애하는 판사님께

Drama FHD 2018-07-25 7.2

သွေးရင်းအမြွှာညီအစ်ကို ၂ ယောက်ဖြစ်တဲ့ ဟန်ဂန်ဟိုနဲ့ ဟန်ဆူဟိုဟာ မတူညီတဲ့ဘဝ ၂ ခုမှာရှင်သန်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။ပညာရေးမှာ ထူးချွန်တဲ့ အစ်ကိုကြီးဖြစ်သူ ဟန်ဆူဟိုကတော့ ဥပဒေစာမေးပွဲကို ဖြေဆိုကာအငယ်ဆုံး တရားသူကြီး ဖြစ်လာသော်လည်း ညီဖြစ်သူ ဟန်ဂန်ဟိုကတော့ သူ့အတိတ်မှာ ဖြစ်ပေါ်ခဲ့တဲ့စိတ်နာကျည်းမှုတွေ စိတ်ဒဏ်ရာတွေကြောင့် ဆိုးသွမ်းလူငယ်တစ်ယောက်ဖြစ်လာခဲ့ကြပါတယ်။တစ်နေ့ ညီဖြစ်သူ ဟန်ဂန်ဟိုတစ်ယောက် ပြဿနာရှာမိပြီး ရဲတွေလိုက်ဖမ်းလို့ အစ်ကိုဖြစ်သူဟန်ဆူဟိုရဲ့အိမ်ကို သွားခဲ့သော်လည်း အစ်ကိုဖြစ်သူ ဟန်ဆူဟိုဟာ ဖုန်းနဲ့အတူ သူ့အသုံးအဆောင်ပစ္စည်းအကုန်ထားခဲ့ပြီး ပျောက်ဆုံးနေတဲ့အခြေအနေနဲ့ ကြုံတွေ့ရတဲ့အခါ ရဲတွေလိုက်ဖမ်းနေကြတဲ့ဟန်ဂန်ဟိုတစ်ယောက် တရားသူကြီးဖြစ်သူ အစ်ကိုဟန်ဆူဟိုအနေနဲ့ ဟန်ဆောင်ကာ အမှုတွေကိုဘယ်လိုဖြေရှင်းသွားမလဲ သူ့မူလနေရာကို ဘယ်လိုပြန်သွားမလဲ။တစ်ဖက်မှာလည်း အစ်ကိုဖြစ်သူဟန်ဆူဟိုဟာ ဘယ်လိုအကြောင်းကြောင့်တွေကြောင့်ပုန်းရှောင်နေခဲ့တာလဲဆိုတာကို ဟာသ အချစ် ဒရာမာ ဥပဒေဆန်ဆန်ရိုက်ပြထားတဲ့ကားလေးမို့လို့မကြည့်ရသေးတဲ့သူတွေ အကြိုက်တွေ့စေမှာ အမှန်ပါပဲနော်။