ယခုတဖန် တင်ဆက်ပေးမှာကတော့ ဟင်ဒီမြူဇစ်ကယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲပါပဲ။မြူဇစ်ကယ်ရုပ်ရှင်တွေကို ဖန်တီးတဲ့နေရာမှာပြောင်မြောက်လှတဲ့ဒါရိုက်တာကြီးအာနန်တီဝါရီရဲ့ လက်ရာပေါ့။မှတ်မိအောင်ပြောရရင် ဗစ်ကီရဲ့ မြူဇစ်ကယ်ရုပ်ရှင် Love Per Square Foot (2018)ကိုပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ။ ၂၀၁၉ခုနှစ်က ပထမတွဲထွက်ရှိခဲ့တဲ့ဒီရုပ်သံစီးရီးကတော့ အောင်မြင်မှုတွေနဲ့အတူ ၂၀၂၄မှာဒုတိယတွဲထွက်ရှိလာတာမို့ နှစ်တွဲစလုံးကို cm bollywood teamကနေတင်ဆက်ပေးလိုက်ပါတယ်။ရာဒေဆိုတာ ဘုရင်ကတောင်မြောက်စားရတဲ့ အဘိုးဖြစ်သူဂန္ထဝင်တေးဂီတပညာရှင်ကြီးရဲ့မြေးတစ်ယောက်။အဘိုးဖြစ်သူရဲ့ အရိုက်အရာကိုဆက်ခံဖို့ နေ့မနားညမနားကြိုးစားပေမဲ့မိသားစုအခက်အခဲကြောင့် နန်းတော်မှာ စာရင်းကိုင်ဝင်လုပ်နေရတဲ့သူ။တာမာနာကတော့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ နာမည်ကျော် ပေါ့ပ်အဆိုတော်တစ်ယောက်။ထုတ်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်အရ သီချင်းအသစ်ထုတ်ဖို့ရှိပေမဲ့ ခေါင်းထဲမှာအဆင်ပြေတဲ့သီချင်းတစ်ပုဒ်မှရောက်မလာလို့ ဘူနေတဲ့ နာမည်ကျော်အဆိုတော်မလေး။အကြောင်းတိုက်ဆိုင်လို့ ဂန္ထဝင်အဆိုတော်ဖြစ်ချင်တဲ့ရာဒေနဲ့ ပေါ့ပ်အဆိုတော်မလေးတာမာနာတို့ဆုံကြတဲ့အခါ။တာမာနာက သူ့ရဲ့ နောက်လာမဲ့သီချင်းမှာ ရာဒေကို ဝင်ဆိုစေချင်ပြီးရာဒေကတော့ သူ့ဂီတကိုပဲ ဂီတလို့မြင်တဲ့သူ ဖြစ်နေတဲ့အခါမှာတော့…။Shankar–Ehsaan–Loyလို အောင်မြင်တဲ့တေးဂီတအဖွဲ့ကနေနောက်ခံတေးသီချင်းတွေကို ဖန်တီးပုံဖော်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။