Motel California FHD

Motel California

Drama FHD 2025-01-10 8.3

Romance ကားလေးတွေကိုမှ ကြိုက်နှစ်သက်တတ်တဲ့ CM ပရိသတ်ကြီးတို့အတွက်Lee Se Young၊ Na In Woo၊ Choi Hee Jin နဲ့ Kim Tae Hyeong တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Motel California ဆိုတဲ့ Drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Ji Kang Hee (Lee Se Young) ဟာ မွေးရပ်မြေဖြစ်တဲ့ ရွာလေးမှာ ဖခင်ဖြစ်သူ ဖွင့်လှစ်ထားတဲ့Motel Californiaမှာ ကြီးပြင်းခဲ့သူလေးပါ။မိခင်ဖြစ်သူကတော့ ကပြားတစ်ဦးဖြစ်ပြီး ရှုပ်ထွေးတဲ့ မိသားစုအခြေအနေကြောင့် Kang Hee လေးဟာပတ်ဝန်းကျင်ရဲ့ တီးတိုးပြောဆိုသံတွေကြားမှာ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရသူဆိုလည်း မမှားပါဘူး။ငယ်သူငယ်ချင်းဖြစ်သူ Yeon-Soo ကို သဘောကျနေခဲ့ပြီး အသက်၂၀အရွယ်မှာ မွေးရပ်မြေကနေဆိုးလ်ကိုထွက်ခွာရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။၁၂နှစ်ကြာပြီးနောက်မှာ မွေးရပ်မြေကို ပြန်လာခဲ့ပြီး အချစ်ဦးဖြစ်သူ တိရစ္ဆာန်ဆေးကုဆရာဝန်လေးYeon Soo (Na In-Woo) နဲ့ ပြန်လည်ဆုံတွေ့ ကြတဲ့အခါမှာတော့…ဒါပေမဲ့ Kang Hee မသိလိုက်တာကတော့ Yeon Soo ရဲ့ အချစ်ဦးကလည်း သူဖြစ်နေတယ်ဆိုတာပါပဲ။အချစ်ဦးနဲ့ဆို ကွေကွင်းတတ်ကြပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းလေးကရောဘယ်လိုအလွဲလေးတွေနဲ့ ဘယ်လိုချစ်စရာဇာတ်လမ်းလေး ဖြစ်နေမလဲဆိုတာကိုတော့ အပတ်စဥ်သောကြာ၊ စနေန့တိုင်း စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်။