၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြောဟာသ ဒရာမာ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။လူ့ဘဝကြီးက တိုတိုလေးတဲ့။အချိန်တွေ ကုန်လို့ကုန်သွားမှန်းမသိရတဲ့ လူ့ဘဝသက်တမ်းခဏလေးအတွင်းမှာ မိဘကောင်း၊ ခင်ပွန်းကောင်း၊ဇနီးကောင်း၊ သားသမီးလိမ္မာဆိုတဲ့ ခေါင်းစဉ်တွေအောက်ကနေကိုယ်လုပ်ချင်တာတွေ ဘာတစ်ခုမှလုပ်ခွင့်မရဘဲမိသားစုရဲ့ ဝေယျာဝစ္စတွေအတွက်ပဲ အချိန်ပေးရင်းသက်တမ်းကုန်ဆုံးသွားရတဲ့သူတွေ ဘယ်လောက်တောင်ရှိနေမလဲ..။ဒီဇာတ်လမ်းတွဲထဲမှာဆိုရင်လည်း သားဖြစ်သူက အမြဲတမ်းစိုးရိမ်နေလို့အိမ်ထဲကနေအပြင်တောင် မထွက်ရတဲ့ အမျိုးသမီးကြီးတစ်ယောက်၊မိသားစုအတွက်ပဲ တစ်ဘဝလုံး အချိန်ပေးခဲ့ပေမဲ့မိသားစုက ခိုင်းစရာလူလောက်ပဲ သဘောထားတာခံရပြီးလူရာသွင်းမခံရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ကိုယ်တိုင်ကြိုးစားလို့ အမျိုးသမီးခရစ်ကတ်သမားတစ်ယောက်ဖြစ်လာပေမဲ့မိန်းကလေးဖြစ်နေလို့ လုံလောက်အောင် အသိအမှတ်ပြုမခံရတဲ့ မိန်းကလေးတစ်ယောက်။မွန်းကျပ်တာတွေများလာတဲ့ သူတို့သုံးယောက်ဟာ တစ်ခါလောက်တော့ ကိုယ်ကြိုက်တာကိုယ်လုပ်ကြည့်ကြမယ်ဆိုပြီး မိန်းကလေးသုံးယောက်တည်း ပထမဆုံးအကြိမ်အပန်းဖြေခရီးတစ်ခုကိုသွားဖို့ကြိးစားကြရင်း ကြုံတွေ့ရတဲ့စွန့်စားခန်းတွေ၊ အခက်အခဲတွေနဲ့ လူ့ဘဝရဲ့ ဒဿနတွေကိုဒီဇာတ်လမ်းတွဲထဲမှာ ပေါ့ပေါ့ပါးပါး မြင်ကြရမှာဖြစ်ပါတယ်…။