Mohrey FHD

Mohrey

Drama Mystery FHD 2024-12-06 8.3

မြေအောက်ရာဇာ နှင့် ဥပဒေဘက်တော်သားတိုက်ပွဲအခုတစ်ခါ ပရိသတ်ကြီးရှေ့မှောက်တင်ဆက်ပေးချင်တဲ့စီးရီးလေးကတော့ ဇာတ်အိမ်ကောင်းကောင်းနဲ့သည်းထိပ်ရင်ဖိုဆန်ဆန် မြေအောက်လောကသားတွေနဲ့ရဲတပ်ဖွဲ့ရဲ့အားပြိုင်မှုကို လျှို့ဝှက်မှုတွေ လက်စားချေမှုတွေကတုံးပေါ်ထိပ်ကွက်တာတွေပေါင်းစုံနဲ့ ရသစုံခံစားရမယ့်ကားလေးပါပဲ….IMDb က ဆရာကြီးများကတော့ ဂျပန်နာမည်ကြီး Rashomon ကားရဲ့ narration နဲ့တောင်အလားသဏ္ဍန်တူတယ်လို့ ညွှန်းဆိုထားတယ်ဆိုတော့ရတဲ့ Rating နဲ့တန်တဲ့ အာပလာကားမဟုတ်တာတော့ သိသာပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မွမ်ဘိုင်းမြို့ကို အောက်ဆုံးမြေအောက်လောကကနေထိပ်ဆုံးမြို့တော်ဝန်ပါမကျန် ခြယ်လှယ်နေတဲ့ ဘော့စကိုဆိုတဲ့ ဆရာကောင်တစ်ယောက်ရှိပါတယ်သူကလူတကာကို ကတုံးပေါ်ထိပ်ကွက်ပြီး မြို့တော်ဝန်ကိုပါ အချိုးမပြေလုပ်လာလို့မြို့တော်ဝန်လည်း မလှန်ရဲပေမယ့် အမြင်ကတ်လာပြီး သူ့ကိုပြန်ဆော်ဖို့ လုပ်ပါတော့တယ်…အဲ့ဒါနဲ့ပဲ ဘော့စ်ကိုရဲ့ရန်သူတော်ဟောင်းကြီး ရဲမှူးကြီးဂျက်ဘာကို မွမ်ဘိုင်းကိုဆင့်ခေါ်ပြီးဘော့စ်ကိုကို စုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်…အဲ့ချိန်ကစပြီးတော့ ဟိုဘက်ဒီဘက်ကလူတွေရဲ့ပတ်သတ်ဆက်နွယ်မှုတွေ ကြားထဲက ဂလယ်အူကြောင်နဲ့ဝင်ပတ်သတ်မိတဲ့လူတွေမြေအောက်လောကသားတွေပီပီ အပျင်းပြေနှုတ်ပိတ်ပြတာတွေ စသဖြင့်သဘာဝဆန်ဆန်ရိုက်ပြထားတာမို့ ပရိသတ်ကြီးတို့ ဆက်လက်ခံစားကြည့်ရှုနိုင်ဖို့ တင်ပေးလိုက်ရပါတယ်….