Moonlight Mystique FHD

Moonlight Mystique

Drama Sci-Fi & Fantasy FHD 2025-01-07 8.3

ရှန်းရှကားတွေမှာ အချို အငိုပိုင်နိုင်စွာ ပရိသတ်ရဲ့အသည်းကိုခြွေယူနေကျမမလေး Bai Lu နဲ့ Blood of Youth မှာ လေဝူကျယ်ဆိုပြီးပရိတ်သတ်အချစ်ကိုရရှိခဲ့တဲ့ Ao Rui Peng တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါဒါကြီးကို ကြည့်လိုက်မယ်ဆိုရင်လည်းAshes of Love, The Long Ballad, The Starry Love,Story of Kunning Palace တို့ရဲ့ ပဲ့ကိုင်ရရှင်ကြီး Zhu Rui Bin ဆိုတော့သေချာပေါက်ကို စောင့်မျှော်ကြည့်ရမယ့် ကားကောင်းတစ်ကားပါပဲ။သွက်လက်ထက်မြက်တဲ့ စစ်သူကြီးအိမ်တော်က အငယ်ဆုံးသခင်မလေးပိုင်ရှော့ဟာ မသေမျိုးအဖြစ် ကောင်းကင်ဘုံကိုတက်လှမ်းနိုင်ဖို့ ကျင့်ကြံနေခဲ့ပါတယ်။သူမရဲ့ကျင့်ကြံ‌ရေးခရီးစဥ်အတွင်းမှာ မထင်မှတ်ဘဲ မိစ္ဆာနတ်ဆိုးအရှင်ဖန်းယွဲ့ကိုကယ်တင်မိသွားခဲ့ပါတယ်။ အဲ့လိုနဲ့ သုံးလောကအရှုပ်အ‌ထွေးတွေကြားဝင်ရောက်ပတ်သက်မိသွားတဲ့အခါမှာ … သူတို့ ၂ဦးရဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ချစ်လမ်းခရီးတစ်လျှောက် အခက်အခဲတွေကြားမှာ ချိုလိုက် ငိုလိုက်မျက်ရည်မိုးတွေဖြိုင်ဖြိုင်ကျရင်း စီးမျောကြည့်ရှုလိုက်ကြရအောင်။