ဒီတစ်ခါမှာတော့ Missing You လို အမည်ရတဲ့ mystery series လေးတစ်ခုကို တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းကတော့ စုံထောက်တစ်ယောက်ဖြစ်တဲ့ ကတ် ဒိုနိုဗန်ကိုအရင်းတည်ထားပါတယ် ။ကတ် ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က သတိုသားလောင်းက Ghost သွားတာကိုခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ် ။ Ghost သွားတဲ့အချိန်ကလည်းကတ်ရဲ့ အဖေဖြစ်သူ အသတ်ခံရပြီးကာစ အချိန် ဖြစ်တဲ့အတွက်Move on ဖိုက တော်တော်လေး မလွယ်ကူတာပါပဲ ။ဒီလိုကနေ ၁၁ နှစ်အကြာမှာတော့ သူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုနဲ့Dating app တစ်ခုကို စသုံးလိုက်မိတဲ့ ကတ်ဟာ သူနဲ့ တွဲဖက်ပေးထားတဲ့သူတွေထဲမှာ သူ့တစ်ချိန်က သတိုသားလောင်း ဂျော့ချ်ကို ပြန်တွေ့လိုက်ရတာပါပဲ ။ တစ်ချိန်တည်းမှာပဲ ကတ်ရဲ့ အဖေကို သတ်ခဲ့တဲ့လူသတ်သမား မွန်တီလီဘန်းကလည်း ကင်ဆာရောဂါကြောင့် သေခါနီးအချိန်ကို ရောက်နေကာမှ သိလိုက်ရတဲ့အမှန်တရားက ကတ်ရဲ့အဖေကိုတကယ်သတ်ခဲ့တဲ့သူက မွန်တီလီဘန်း မဟုတ်ပါဘူးတဲ့ ။ဒါဆိုရင် ကတ်ရဲ့အဖေကို သတ်ခဲ့တာ ဘယ်သူ ဖြစ်မလဲ ။ကတ်အနားကနေ ဂျော့ချ်ထွက်သွားခဲ့တာကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာကို Missing You ဇာတ်လမ်းတွဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်ပါ ။