The Boy Next World FHD

The Boy Next World

Drama FHD 2025-01-05 10

Mew-gulf အတွဲရဲ့ နာမည်ကြီး TharnType Universe နဲ့ ဆက်စပ်နေတဲ့ The Boy Next Worldစီးရီးလေး ထွက်ရှိလို့ လာပါပြီ။  ဒီကားမှာတော့ Love Sea ထဲမှာ Support Role နေရာကနေသရုပ်ဆောင်ခဲ့တဲ့ Boss Chaikamon Sermsongwittaya နဲ့ Noeul Nuttarat Tangwai တို့ကMain Role အဖြစ် ပြန်လည်တွေ့ကြမှာဖြစ်ပါတယ်။အချစ်ဆိုတာကို ဘာမှန်းမသိတဲ့ဖူခန်ဆိုတဲ့ ကောင်လေးဟာ ရည်းစားဆိုတာ တစ်ခါမှမထားခဲ့ဖူးပါဘူး။ဒီလိုနဲ့ နေလာရင်း ဖူခန့်ဘဝထဲကို “ရေခဲမင်းသား”ဆိုပြီးတော့ နာမည်တွင်တဲ့အေးစက်စက်နဲ့ကောင်ချောလေး ဆာရက်ဟာ ဝင်ရောက်လို့လာပါတော့တယ်။ဆာရတ်ဟာ အပြိုင်ကမ္ဘာမှာ သူတို့နှစ်ယောက်ဟာ ချစ်သူတွေပါလို့ ပြောလာခဲ့ပါတယ်။လက်ရှိအခြေအနေမှာ မရင်းနှီးကြတဲ့ သူတို့အခြေအနေမှာ ဆာရက်ဟာ ဖူခန်ရဲ့ အကြောင်းတွေကိုအသေးစိတ်ကအစသိလို့နေတဲ့အခါမှာတော့ ဖူခန်တစ်ယောက် ခေါင်းရှုပ်ရပါတော့တယ်။ဒီလိုနဲ့ အချစ်အကြောင်းကို မသိတဲ့ ဖူခန်နဲ့ .. သူ့ကိုယ်သူ ဖူခန့်ချစ်သူပါလို့ ပြောနေတဲ့ကိုလူချောဆာရက်တို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲ ဆိုတာကိုစိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါဦးနော် …