နာမည်အတိုင်း စည်းချက်တွေကကွက်တွေကို တစ်ဝကြီး ရှုစားရမဲ့စီးရီးဗျာMAD ဆိုတဲ့ လူကုံထံအသိုင်းအဝိုင်းတွေတက်တဲ့ ကျောင်းတစ်ခုရှိတယ်အဲဒီကျောင်းကိုပဲထောက်ပံ့ကြေးနဲ့လာတက်တဲ့သူတွေလည်းရှိတယ်ရွှေဇွန်းကိုက်သူဌေးသားသမီးတွေက ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့သူတွေကိုဝိုင်းနှိမ်ကြဘလိန်းကြပေါ့ သူတို့ဘလိန်းကြပုံက ထုကြရိုက်ကြမဟုတ် အကတွေပြိုင် တဲလန့်တွေယှဉ်ကြတာအဲဒီမှာ နီတရာဆိုတဲ့ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့ကောင်မလေးကို ရီဟာနာတို့အဖွဲ့ကပြဿနာရှာကြရာကစပြီးရီဟာနာဘက် နီတရာဘက်ဆိုပြီး ကွဲကြပြိုင်ကြဖြစ်ရော ၊နီတရာရဲ့ ထူးခြားတဲ့ပုံလေးကိုကြွေသွားတာ ပျိုတိုင်းကြိုက်လူချောလေး အီရှန်နီတရာဆိုတာက ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့ သာမန်ဆင်းရဲသူလေးမဟုတ်MAD ကျောင်းအတွင်းဖြစ်သွားတဲ့ အမှုတစ်ခုကိုစုံစမ်းဖို့ရုပ်ဖျက်ပြီး ဝင်လာတဲ့သူ….သူစုံစမ်းနေတဲ့အမှုက ဘာများလဲ သူနဲ့အီရှန်တို့ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်လာမလဲအချောလေးတစ်သိုက် အကအခုန်လေးတွေနဲ့အတူ ရှုစားကြည့်ပါဦး