ဟာရစ် (Jung Kyung Ho) ဟာ နာမည်ကြီးတေးရေးဆရာ တစ်ယောက်ဖြစ်ပြီးhit ဖြစ်တဲ့ သီချင်းပေါင်းများစွာကိုလည်း ရေးသားခဲ့သူပါ။ အောင်မြင်ပြီး ချမ်းသာကြွယ်ဝတဲ့သူ့ဆီမှာအောင်မြင်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တစ်ခုလည်း ရှိနေပါသေးတယ် ။ အဲဒါကတော့သူ့ရဲ့ဝိညာဥ်ကို နတ်ဆိုးဆီရောင်းပြီး အောင်မြင်မှုနဲ့ အလဲအထပ် လုပ်ထားတာပဲ ဖြစ်ပါတယ် ။တစ်နေ့မှာတော့ မိုထယ်ဂန်း (Park Sung Woo) ဆိုတဲ့ နတ်ဆိုးဟာ အစားထိုးဝိညာဥ်တစ်ခုလိုအပ်လာခဲ့ပြီး .. ဝိညာဥ်ကို ရှာပေးဖို့အတွက် ဟာရစ်ကို စေခိုင်းလိုက်ပါတော့တယ် .. ။နတ်ဆိုးနဲ့လုပ်ထားတဲ့ အပေးအယူတွေဟာ သူ့အနားက လူတွေရဲ့ ဘဝတွေအပေါ် သက်ရောက်မှုရှိတာကိုသိသွားတဲ့ ဟာရစ်တစ်ယောက် နတ်ဆိုးလိုအပ်နေတဲ့ ဝိညာဥ်ကို ယူလာပေးပြီး အလဲအထပ် ဆက်လုပ်မလား..သာမန်လူသားတစ်ယောက်အနေနဲ့ အစွမ်းထက်တဲ့နတ်ဆိုးကို အတိုက်အခံလုပ်ပြီးနတ်ဆိုးနဲ့ စာချုပ်ကို အဆုံးသတ်လိုက်မလား …..ဇာတ်လမ်းဇာတ်အိမ်လေးလည်းဆန်းပြီး Cast တွေနဲ့တင် ကြည့်ရတန်စေမဲ့ဇာတ်လမ်းတွဲလေးဖြစ်လို့ ပရိသတ်ကြီးတို့ ကြည့်ရှုခံစားလိုက်ပါဦးနော် ..