ရှီးချောင်ဆိုတဲ့ ရွာလေးတစ်ရွာက ဟယ်မိသားစုရဲ့ တစ်ဦးတည်းသောသားလေးဟယ်ကျားဟောက်ဟာ မိသားစုအပေါ် သိတတ်သလို စာရိတ္တကောင်းမွန်ပြီးဉာဏ်ရည်ထက်မြက်တဲ့ သင်လွယ်တတ်လွယ်တဲ့ ကျောင်းသားလေးတစ်ယောက်ပါ။ဒါပေမဲ့ သူ့ရင်ထဲမှာ နှစ်ပေါင်းများစွာ ခိုအောင်းနေခဲ့တဲ့လျှို့ဝှက်ချက်တစ်ခုကတော့ သူ့ အစ်ကိုဝမ်းကွဲဖြစ်တဲ့ ဟယ်ကျားစူးပါပဲ။မိသားစုရဲ့ တားမြစ်စည်းကမ်းကို ချိုးဖောက်မိလို့ မိသားစုထဲကနှင်ထုတ်ခံလိုက်ရတဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ ဟယ်ကျားစူးကို မျှော်နေခဲ့တဲ့ဟယ်ကျားဟောက်အတွက် နှစ်ကြာပြီးတဲ့နောက် နဂါးလှေပြိုင်ပွဲမတိုင်ခင်ညမှာရှီးချောင်ရွာကို ဟယ်ကျားစူး ပြန်ရောက်လာခဲ့ပါတယ်။နဂိုက မိသားစုနဲ့ လုံးဝအဆက်ဖြတ်ဖို့ ရည်ရွယ်ပြီး ပြန်လာတဲ့ ဟယ်ကျားစူးတစ်ယောက်ဟယ်ကျားဟောက်နဲ့ အဆက်အသွယ်လုပ်ရင်းကနေသူ့ရဲ့ အိမ်အပြန်လမ်းလေးဆီကို တဖြည်းဖြည်းဦးတည်မိလာတဲ့အခါ…ရှေးရိုးဆန်တဲ့ လူကြီးတွေနဲ့ အစဥ်အလာတွေရဲ့ ဖိအားတွေအောက်မှာသွေးသားတော်စပ်မှုမရှိတဲ့ သူတို့ ၂ ယောက် အခက်အခဲပေါင်းစုံကို ဘယ်လိုရင်ဆိုင်ကြမလဲ“အိမ်”ရဲ့ အဓိပ္ပာယ်ကိုပိုနားလည်လာအောင် ဟယ်ကျားဟောက်တစ်ယောက်ဟယ်ကျားစူးကို ဘယ်လိုသင်ပေးမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ကြည့်ရှု အားပေးကြပါဦး