AAROဟာ မျက်မှောက်ခေတ်သိပ္ပံနည်းကျဖြေရှင်းလို့ မရတဲ့ သဘာဝလွန်မှုခင်းတွေကို လိုက်လံဖြေရှင်းပေးရတဲ့အဖွဲ့ဖြစ်ပါတယ်။တိုကျို AAROရဲ့ ကိုယ်စားလှယ်ညွှန်မှူးဖြစ်တဲ့ အိုကီတာမ မီရာဘီကတော့ထိုအဖွဲ့အစည်းဟာ ယာမာတိုအင်ပါယာကတည်းက…တည်ရှိနေခဲ့တဲ့ ရှေးအကျဆုံးစုံစမ်းရေးအဖွဲ့လို့ဆိုပါတယ်။ စုံစမ်းရရှိတဲ့ အချက်အလက်တွကို အစိုးရအတွင်းဝန်ဌာနကို…တိုက်ရိုက်သတင်းပို့ရပြီး မဖြေရှင်းနိုင်တဲ့အမှုတွကို ကိုင်တွယ်ဖော်ထုတ်ပေးရပါတယ်။ တစ်နေ့မှာတော့ ရဲတပ်ဖွဲ့ဝင်တစ်ယာက်ဖြစ်တဲ့…ကိုယူမဲကို AAROဆီပူးပါင်းဆာင်ရွက်ရန် စေလွှတ်ခြင်းခံလိုက်ရပါတယ်။ အိုကီတာမဟာ ကိုယူမဲကို…အလောင်းတွေထူးဆန်းစွာပျောက်ဆုံးခြင်းအမှုအကြောင်းပြောပြခဲ့ပြီး အွန်လိုင်းမှာမိမိကိုယ်ကိုယ် ဟီရူကိုနတ်ဘုရားလို့ သုံးနှုန်းပြီး…သဘာဝလွန်ဖြစ်ရပ်မှုခင်းတွေရဲ့ တရားခံလို့ဝန်ခံထားသူအကြာင်းကို ရှင်းပြခဲ့ပါတယ်။ ထိုနောက်ပိုင်း အခြားမှုခင်းများစွာဖြစ်ပျက်ခဲ့ပြီး…တစ်ခုချင်းစီကို စိတ်ဝင်စားဖွယ် ဖြေရှင်းပေးတဲ့ AAROအဖွဲ့၊ အိုကီတာမနဲ့ ကိုယူမဲတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ …ဟီရူကိုရဲ့ သရုပ်မှန်ကို ဖော်ထုတ်နိုင်မှာလား။ ဟီရူကိုကရော ဘာအတွက်နဲ့ ဒီလိုသဘာဝလွန်အမှုတွေကိုကမ္ဘာမြေဆီသယ်ယူလာခဲ့လဲဆိုတာ…ထူးဆန်းအံ့ဩဖွယ်၊ စိတ်ဝင်စားဖွယ်အပြည့်နဲ့ ကြည့်ရှုနိုင်မယ့် Netflixမှ ဇာတ်လမ်းတွဲကောင်းလေးဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးရှင်…