Life FHD

Life

Drama FHD 2018-07-23 7.3

ဒီတစ်ခေါက်မှာတော့ ဆရာဝန်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်ဦးဦးသေမင်းရဲ့ ဆရာဝန်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ 2018မှာထွက်ရှိခဲ့ပြီး Goblin, A Shop for Killers ထဲမှမင်းသား Lee Dong Wook၊ Stranger, Sisyphus ထဲမှ မင်းသား Cho Seung Woo နဲ့Melting Me softly, She Would Never Know တို့ထဲမှ မင်းသမီး Won Jin-Ah တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ရယ်ဂျင်ဝူး ( Lee DongWook) ဟာ ဆန်းဂုတက္ကသိုလ်ဆေးရုံ အရေးပေါ်ဌာနရဲ့ ဆရာဝန်ဖြစ်ပြီးနွေးထွေးကြင်နာသူတစ်ယောက်ဖြစ်သလို ဆေးရုံအုပ် အီဘိုဟွန်းကို ရိုသေလေးစားသူလည်းဖြစ်ပါတယ်။တစ်နေ့မှာတော့ ရယ်ဂျင်ဝူးဟာ ညီဖြစ်သူဆီမှ ဆေးရုံအုပ်ရဲ့ အကျင့်ပျက်ချစားမှုတစ်ခုကို သိလိုက်ရပြီးနောက်တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာတင် ဆေးရုံအုပ်ကြီးဟာ ရုတ်တရက်နှလုံးဖောက်ပြီး ဆုံးပါးသွားခဲ့ပါတော့တယ်။ဂူဆွန်းဟျို (Cho Seung Woo) ကတော့ ဆန်းဂုတက္ကသိုလ်ဆေးရုံရဲ့ သူဌေးဖြစ်ပြီး သွေးအေးကာရည်မှန်းချက်ကြီးမားသူတစ်ဦးပါ။သူဟာ ဆေးရုံကနေအကျိုးအမြတ်ရဖို့ကိုပဲ ရည်မှန်းချက်ထားပြီး ဆေးရုံရဲ့ ဝင်ငွေကိုဖြုန်းတီးနေတယ်လို့ယူဆရတဲ့ အရေးပေါ်ဌာနအပါအဝငိ အခြားဌာန၃ခုကိုဖယ်ထုတ်ပစ်ဖို့ကြိုးစားရာကနေ ရယ်ဂျင်ဝူးနဲ့ထိပ်တိုက်တွေ့ဖို့ဖြစ်လာပါတော့တယ်။ဆေးရုံအုပ်ကြီးရဲ့ သေဆုံးမှုကတော့ တကယ်ပဲ နှလုံးဖောက်လို့သေဆုံးရတာဟုတ်ပါ့မလား..စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆရာဝန်တွေရဲ့ အားပြိုင်မှုကရော ဘယ်လိုအဆုံးသတ်သွားမလဲ..စတာတွေကို ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။