ဒီတစ်ခါမှာတော့ ပိတ်ရက်ကြည့်စရာ Crime Thrillerဇာတ်လမ်းတွဲလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကိုတော့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ အက်ဒီဟန်ဆန်ရဲ့အစ်ကိုဖြစ်သူ အသတ်ခံလိုက်ရတာနဲ့ စတင်ထားပါတယ် ။အက်ဒီဟန်ဆန်ရဲ့ အစ်ကို အန်ဒရူးမက်ကန်ဇီဟာ သူ့ရဲ့ ဇိမ်ခံအိမ်ကြီးထဲမှာ အသတ်ခံလိုက်ရပြီး ဇနီးဖြစ်သူကလည်း သေလုမျောပါး အရိုက်ခံလိုက်ရပါတယ် ။ ဒါပေမဲ့ ရဲဘက်က အဓိကသံသယရှိသူကတော့ သားနဲ့သမီးဖြစ်တဲ့ ဒန်နီရယ်နဲ့ ဂျေမီပါတဲ့ ။ဒီအမှုကို အဓိက ကိုင်တွယ်တဲ့ ရဲအရာရှိ ဖိုတီဘဲလ် နဲ့ သတင်းထောက်အက်ဒီဟန်ဆန်ဟာလည်း မကျေလည်ခဲ့တဲ့ အတိတ်တွေကရှိနေပြန်ပါသေးတယ် ။အက်ဒီဟန်ဆန်ကလည်း သူ့တူနဲ့ တူမကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားသလို ဖိုတီဘဲလ်ကလည်း အဲဒီကလေးနှစ်ယောက်ကိုထောင်ထဲထည့်ဖို့ ကျားကုတ်ကျားခဲပါပဲ ။ တစ်ယူသန်တဲ့ ဖိုတီဘဲလ်နဲ့တူဇော တူမဇောကပ်နေတဲ့ အက်ဒီဟန်ဆန် သူတို့နှစ်ယောက်မှာဘယ်သူက အမှန်ဖြစ်မလဲ ။ မျိုးရိုးနာမည် မတူတဲ့ အက်ဒီဟန်ဆန်နဲ့အန်ဒရူးမက်ကန်ဇီကရော ဘယ်လိုဇာတ်ကြောင်းတွေ ရှိနေတာလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ အသေးစိတ်ကြည့်ရှုရမှာဖြစ်ပါတယ် ။သေချာတာတစ်ခုကတော့ ဖိုတီဘဲလ်နဲ့ အက်ဒီဟန်ဆန်တို့နှစ်ယောက်ကလွဲလို့ ဇာတ်လမ်းထဲက ပါဝင်သမျှ လူတိုင်းဟာသံသယဝင်စရာကောင်းနေတယ်ဆိုတာပါပဲ ။ဒါဆိုရင်တော့ တကယ့်လူသတ်သမားအစစ်က ဘယ်သူလဲဆိုတာကိုWhite Lies ဇာတ်လမ်းတွဲထဲမှာ အတူတူရှာဖွေကြည့်လိုက်ရအောင်ပါ ။