Light of My Lion FHD

Light of My Lion

Drama Family Mystery FHD 2024-10-11 7

ဟီရိုတို ကိုမိုရိ (Yagira Yuya)ဟာ မြို့တော်ခန်းမမှာ အလုပ်လုပ်ပြီး မိဘတွေမတော်တဆမှုကြောင့် ဆုံးပါးသွားကတည်းက အော်တစ်ဇင်ရောဂါရှိတဲ့ ညီဖြစ်သူမိုချီတို ကိုမိုရိကို ဂရုစိုက်စောင့်ရှောက်ပေးရင်း နေထိုင်နေတဲ့ စိတ်ထားကောင်းတဲ့သာမန် လူငယ်တစ်ယောက်ဖြစ်ပါတယ် ..မိုချီတို ကိုမိုရိ (Ryota Bando)ကလည်း သူ့ရဲ့ရောဂါကြောင့်သာ လူမှုဆက်ဆံရေးညံ့ဖျင်းပြီး ခေါင်းမာနေပေမဲ့ ပန်းချီပညာမှာ တကယ်ပါရမီပါပြီး အရည်အချင်းရှိတာကြောင့်ပန်းချီဆရာအဖြစ် အသေးစား အနုပညာရုံးတစ်ခုမှာ လုပ်ကိုင်နေသူပါ ..တစ်နေ့ .. ဒီ‌‌လိုသာမန်ဆန်ပြီး အေးချမ်းတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ဘဝထဲကိုလိုင်းယွန်ဆိုတဲ့ ကလေးလေးတစ်‌ယောက် ရောက်လာတဲ့အခါမှာတော့….လိုင်းယွန်လေးက သူတို့ဆီကို ဘာလို့ရောက်လာတာဖြစ်မလဲ ..လိုင်းယွန်ရဲ့မိဘတွေကရော ဘယ်သူတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်စိတ်အပန်းဖြေနိုင်မဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ် ..