ယုံးချွန်းရူဆိုတာကတော့ ဂျိုဆွန်းခေတ်မှာ ခမ်းနားကြီးကျယ်ဆုံးသော တည်းခိုဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ “ဧည့်သည်သည်သာလျှင် ဘုရင်” ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ကျင့်သုံးပြီး လုပ်ကိုင်နေကြတဲ့နေရာလေးပေါ့ ..ဂျိုဆွန်းမင်းသားတစ်ပါးဖြစ်ပေမဲ့လည်း သူ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီး Lee Eun Ho ဆိုတဲ့နာမည်ပွားကို အသုံးပြုကာ ယုံးချွန်းရူမှာ အလုပ်သင်အဖြစ် လာရောက်လုပ်ကိုင်နေသူ Lee Eun …..အထွေထွေစီမံခန့်ခွဲသူဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယုံးချွန်းရူမှာယောက်ျားလေးယောင်ဆောင်ပြီး အလုပ်သင်အဖြစ် လုပ်ကိုင်နေတဲ့ Hong Seok Soo…ယုံးချွန်းရူရဲ့ ဆက်ခံသူတစ်ဦးဖြစ်သော်လည်း ယုံးချွန်းရူကို စီမံကွပ်ကဲဖို့အတွက်တစ်စက်လေးတောင် စိတ်မဝင်စားပေမဲ့ အဖေဖြစ်သူရဲ့ အတင်းအကျပ်ခိုင်းစေမှုကြောင့်အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေရတဲ့ Chu Jun Hwa ….မိသားစု ဂုဏ်အဆင့်အတန်းကို မြှင့်တင်ဖို့အတွက် ယုံးချွန်းရူမှာ အမြဲတမ်းဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်နဲ့ အလုပ်သင်အဖြစ် လုပ်ကိုင်နေတဲ့ Goo Soo Ra ….ဒီလိုမျိုး မတူညီတဲ့ အကြောင်းပြချက်တွေ ရည်မှန်းချက်တွေ ကိုယ်စီရှိကြတဲ့ လူငယ်လေး၄ ယောက်ဟာ အလုပ်သင်အဖြစ် လုပ်ကိုင်ရင်း .. စိန်ခေါ်မှု အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးတော့ …ခင်မင်ရင်းနှီးလာကြမဲ့ သူငယ်ချင်း ၄ ယောက်မှာ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမလဲ ..လူငယ်ဘဝ ငယ်ရွယ်မှု ပုံရိပ်တွေ ထင်ဟပ်အောင် ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဒီကားလေးကိုအပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း CM နဲ့ အတူတူ စောင့်ကြည့်လိုက်ရအောင်နော် ..