Echoes of the Past FHD

Echoes of the Past

Crime Drama Mystery FHD 2024-12-06 6.4

စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်တွေရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ရိုက်ကူးထားတဲ့ အသစ်ထွက်ရှိလာတဲ့အာရပ် Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။Series နာမည်ကတော့ Echoes of the Past ဖြစ်ပြီး လက်ရှိIMDb Rating 6.6 အထိရရှိထားပါတယ်။Genre ကိုခြုံပြောရရင်တော့ မတရားမှုကိုလက်စားချေတဲ့ပုံစံမျိုးပဲဖြစ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့သူ စိတ်ဝင်စားစရာကောင်းနေတဲ့အတွက်အချိန်ပေးကြည့်ရှုရတာတန်စေမဲ့ Series လေးတစ်ခုပဲဖြစ်ပါတယ်။အဓိကဇာတ်လမ်းကတော့ ယာဟီရာနဲ့သူ့အစ်မနာဒီယာတို့ တခြားသူငယ်ချင်းတွေနဲ့အတူတူ ရေငုပ်အပန်းဖြေခရီးထွက်ရာကနေစတာပါပဲ။လူငယ်တွေချည်းပဲပျော်ပါးနေခဲ့ကြပေမဲ့ နာဒီယာရဲ့ရေငုပ်ပစ္စည်းတွေချို့ယွင်းပြီး သေဆုံးခဲ့ရတဲ့အခါမှာတော့ အကုန်လုံးအတွက်အိပ်မက်ဆိုးကြီးလိုဖြစ်ကုန်ကြတော့ပါတယ်။ရေငုပ်ပစ္စည်းတွေကိုကိုင်ဖို့တာဝန်ရှိတဲ့သူကအာလီလို့ခေါ်တဲ့အကောင်ကြီးရဲ့သားဖြစ်နေတဲ့အတွက်အဖေဖြစ်သူကယာဟီရာကို ခေါင်းခံပြီး ထောင်ထဲတစ်နှစ်လောက်ဝင်နေဖို့ဖျောင်းဖြပါတော့တယ်။ယာဟီရာတစ်ယောက် အစ်မလည်းဆုံးထောင်ထဲဝင်ရမဲ့အဖြစ်လည်းဖြစ်နေပေမဲ့ မိသားစုမျက်နှာကိုငဲ့ကွက်ပြီးခေါင်းခံခဲ့ပေမဲ့ အလှည့်အပြောင်းတွေဖြစ်ကုန်ပြီး တစ်နှစ်လို့ထင်ထားတဲ့ထောင်ဒဏ်က ၁၅ နှစ်အထိဖြစ်သွားခဲ့ပါတော့တယ်။ဒီလိုဖြစ်သွားရတာလည်း မိသားစုတွေကြားက မတရားမှုတွေကြောင့်ဖြစ်တဲ့အတွက် ယာဟီရာတစ်ယောက် အငြိုးအတေးတွေနဲ့ ထောင်သက်တစ်လျှောက်ဖြတ်သန်းလာခဲ့ပြီး ထောင်ထဲကထွက်လာတဲ့အချိန်မှာတော့အပြစ်ရှိသူတွေအတွက် တရားမျှတမှုကို သူကိုယ်တိုင်တစ်ယောက်ပြီးတစ်ယောက် လိုက်ဖော်ဆောင်ပေးပုံတွေကိုရှုစားရမဲ့ လက်မလွတ်တမ်းကြည့်သင့်တဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။