ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Paithani လိုအမည်ရပြီး အပိုင်း ၇ ပိုင်းပါဝင်တဲ့ ဟင်ဒီ web series ပဲဖြစ်ပါတယ်။ပိုင်ထန်နီဆိုတာဟာ ဆာရီတစ်မျိုးပဲဖြစ်ပြီး တစ်ထည်လုံးကိုလက်နဲ့ယက်လုပ်ပြီး လက်နဲ့ချည်ထိုးထားတဲ့တန်ဖိုးကြီးဆာရီအမျိုးအစားဖြစ်ပါတယ်။အရင်ခေတ်တွေတုန်းက ဘုရင့်မိဖုရား ဝန်ကတော်လိုမျိုးတွေဝတ်ဆင်ခဲ့တာဖြစ်ပြီးဒီနေ့ခေတ်မှာတော့ အမျိုးသမီးတိုင်း ဒီပိုင်ထန်နီဝတ်ပြီး မင်္ဂလာဆောင်ဖိုကတကယ့်အိပ်မက်တစ်ခုလိုပါပဲ။ ရွှေနဲ့ပိုးချည်ရောပြီး ယက်လုပ်ထားတဲ့ပိုင်ထန်နီဟာ ဆာရီတွေထဲက ဘုရင်မတစ်ပါးဖြစ်ပြီးဈေးကလည်း တအားကိုကြီးလွန်းလို သာမန်လူတွေပိုင်ဆိုင်ခွင့်ရဖိုခက်ပါတယ်။ဒီစီးရီးမှာတော့ သူ့ရဲ့လက်ရာမြောက် ပိုင်ထန်နီဆာရီတွေကြောင့် နာမည်ကြီးလူသိများလှတဲ့လက်မှုပညာသည် ဂိုဒါဗာရီရဲ့ဘဝအကြောင်းကို အခြေတည်ရိုက်ကူးထားပါတယ်။အသက်ကြီးလာတာနဲ့အမျှ အနားယူဖိုနီးကပ်လာတဲ့ ဂိုဒါဗာရီနဲ့ သူ့မိခင်ရဲ့ဘဝတစ်သက်စာအိပ်မက်ဖြစ်တဲ့ပိုင်ထန်နီဆာရီတစ်ထည်ဝယ်ပေးချင်တဲ့ ကာဗာရီတိုရဲ့ဆန္ဒကို တွေ့မြင်ရမှာဖြစ်ပြီးဒီကားမှာ အမေနဲ့သမီးကြားက သံယောဇဉ်နှောင်ကြိုးနဲ့အတူ စိတ်ခံစားမှုတွေ ၊ဗဟုသုတရစရာတွေနဲ့ တင်ဆက်ပြသပေးထားတာကြောင့် ဟင်ဒီကားပရိသတ်တိုအတွက် အကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။