Riverside Code at Qingming Festival FHD

Riverside Code at Qingming Festival

Drama Mystery FHD 2024-12-16 9

မြောက်ပိုင်းစုန့်မင်းဆက်ခေတ်ကို အခြေတည်ရိုက်ကူးထားတဲ့တရုတ်ရိုးရာဇာတ်လမ်းတွဲတစ်ပုဒ်ဆိုရင်လဲ မမှားပါဘူး။တရုတ်သမိုင်းနောက်ခံဇာတ်ကားတွေမှာပါဝင်နေကျဖြစ်တဲ့ မင်းသား ကျန်းစုန့်ဝမ်၊မင်းသမီး ပိုင်ပိုင်ဟယ်တို က ခေါင်းဆောင်တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့“Riverside Code at Qingming Festival” (ချင်းမင်မှလျှိဝှက်ပုစ္ဆာ) ဆိုတဲ့C drama ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကျောက်မိသားစုမှာ မိသားစုဝင်ငါးယောက်ရှိပြီး မိသားစုဝင်တိုင်းကသူ့နည်းသူဟန်နဲ့ကွဲထွက်နေကြပါတယ်။ အဲလိုမတူတာတွေကို တူအောင်လိုက်ညှိရင်းနေထိုင်နေကြတဲ့မိသားစုလေးဟာ Mei Ship (သင်္ဘော မေ့) ဆိုတဲ့ အမှုကိစ္စထဲမှာ တစ်နည်းမဟုတ်တစ်နည်းပါဝင်ပတ်သက်မိသွားကြပါတော့တယ်။နဂိုကတည်းက မတူတူတာကို မနည်းညှိနေကြရတဲ့အထဲ ဆန်းကြယ်ပြီးထူးဆန်းတဲ့အမှုကိစ္စထဲကိုပါဝင်သွားတဲ့အခါမှာတော့ မိသားစုဝင်ငါးယောက်လုံးရဲ့မတူညီတဲ့အမူအကျင့်တွေကထိရှပွန်းပဲ့တာလေးတွေ ဖြစ်လာပါတော့တယ်။ အားလုံးရဲ့ဘဝတွေဟာ ဒရမ်မာဆန်ဆန်တစ်ဆစ်ပြီးတစ်ဆစ်‌ပြောင်းလဲလာပါတော့တယ်။ဒီလိုလျှိဝှက်ဆန်းကြယ်တဲ့ပုစ္ဆာကို ကျောက်မိသားစုတို ဖြေရှင်းနိုင်ပါ့မလား?အမြဲတမ်းမတူညီခဲ့တဲ့သူတွေက အဆုံးသတ်မှာ ပုစ္ဆာရဲ့အဖြေကိုရဖို ဘယ်လိုတွေပူးပေါင်းစည်းလုံးသွားမှာလဲ။အမှုကိစ္စကရော သူတိုတွေနဲ့ဘာကြောင့်ပတ်သက်နေရတာလဲဆိုတာကို သိချင်ရင်တော့ရင်တမမ ကြည့်ရှုအဖြေရှာလိုက်ရအောင်ဗျာ…။