IMDb 7.2/10 နဲ့ Rotten Tomatoes 67% ရထားတဲ့ Series ကောင်းတစ်ခုပါပဲ။ဇာတ်လမ်းကတော့ ခြောက်နှစ်လောက်သူလျှိုလုပ်နေတဲ့ CIA Agent မာရှန်က လန်ဒန်စခန်းကို ပြန်အခေါ်ခံလိုက်ရတာကစပါတယ်။ အကြောင်းရင်းက သူတို့ CIA Agent တစ်ယောက်ဖြစ်တဲ့ ခါရိုတီက DUIcharge နဲ့အဖမ်းခံလိုက်ရလို့ပါ။ ပြဿနာက ဘာလဲဆိုတော့ ခါရိုတီပျောက်သွားတာပါ။ ဖြစ်ချင်တော့ အဲ့ဒီအေးဂျင့်က CIA ရဲ့ အော်ပရေးရှင်းတော်တော်များများကိုသိနေပြီး သူလျှိုအေးဂျင့်အများအပြားကိုပါဖော်လိုက်နိုင်စွမ်းရှိနေတဲ့သူဖြစ်နေပါတယ်။ဒါကြောင့် မာရှန်က ခြောက်နှစ်တာမစ်ရှင်ကိုပစ်ထားခဲ့ရပြီး ခါရိုတီရှာပုံတော်ဖွင့်ရပါတော့တယ်။ Cast တွေအနေနဲ့ကတော့ မာရှန်အဖြစ် Michael Fassbender , ဘောစကိုအဖြစ် Richard Gere နဲ့ နယိုမီအဖြစ်Katherine Waterston ကပါ၀င်ထားပါတယ်။ စပိုင်ဇာတ်ကားတွေကြိုက်ရင်တော့ မလွှတ်သင့်ပါဘူး။