Divorce Ke Liye Kuch Bhi Karega FHD

Divorce Ke Liye Kuch Bhi Karega

Comedy Drama FHD 2024-11-29 8.3

ဒီဇာတ်လမ်းတွဲလေးကတော့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေချိန်ဘဝအမောတွေ ခဏတာပြေသွားစေဖို့ ကြည့်သင့်တဲ့အချစ်ဟာသဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။နစ်ကီနဲ့ အာရှုက ချန်နယ်တစ်ခုတည်းမှာ အလုပ်လုပ်နေတဲ့ ဂျာနယ်လစ်နှစ်ယောက်ပါ။နစ်ကီကတော့ အာရှုထက် ရာထူးမြင့်ပြီး ရုံးမှာ သူ့ကိုမကြောက်ရတဲ့သူမရှိပါဘူး။မိသားစုနောက်ခံချင်းလည်းမတူ စရိုက်ချင်းလည်းမတူတဲ့ သူတို့နှစ်ယောက်ဟာစလာကတည်းက မတည့်ကြပါဘူး။တစ်ရက် နစ်ကီက အာရှုရဲ့အကြံကိုယူပြီး အထက်လူကြီးဆီတင်ပြလိုက်တာကြောင့် အာရှုတစ်ယောက်တင်းသွားပြီးသူ့ကိုပညာပြန်ပေးပါတော့တယ်။ဒီလို အမြဲတကျက်ကျက်ဖြစ်နေတဲ့နှစ်ယောက်ကို မြားနတ်မောင်ကဖူးစာဆုံစေချင်လို့ထင်ပါရဲ့။ နှစ်ယောက်အတူ ပူးတွဲစုံစမ်းရမဲ့ကိစ္စတစ်ခုပေါ်လာပါတယ်။ဒီအလုပ်ကနေတစ်ဆင့် နှစ်ယောက်သား ရင်းနှီးသွားမလား။နောက်ထပ် ဘယ်လိုအလွဲလွဲအမှားမှားတွေ ထပ်ဖြစ်ဦးမလဲဆိုတာ ဆက်ကြည့်ပေးပါဦးနော်။

အပိုင်းများ

Season - 1