Nevertheless: The Shapes of Love FHD

Nevertheless: The Shapes of Love

Drama FHD 2024-12-09 10

ဒီတစ်ခါတော့ ဂျပန်ဗားရှင်းနဲ့ လိပ်ပြာလေးတွေကြည့်ဖို့အချိန်ရောက်လာပါပြီ။ဒီကားလေးက နာမည်ကြီး k series “Nevertheless” ရဲ့ remake version လေးပဲဖြစ်ပါတယ်။“ရန် ခိုးဆာခါ” ဟာဆိုရင် ခါမာခူရာ အနုပညာတက္ကသိုလ်ကို ယာယီကထိကဆရာအဖြစ်အထူးတာဝန်ကျပြီးဂျပန်ကိုပြောင်းရွှေ့လာရတဲ့ ကိုလူချောဆရာပေါ့။ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို လူတွေကို သူ့နားမှာဝိုင်းဝိုင်းလည်နေအောင် ဆွဲဆောင်နိုင်တဲ့ ဩဇာတိက္ကမအပြည့်နဲ့ “ရန်” က တော်ရုံလူတွေနဲ့သိပ်အရောတဝင်နေလေ့မရှိပါဘူး။ပန်းလေးကို လိပ်ပြာတွေဝဲတတ်သလို သူ့အနားမှာ မိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်နေပေမဲ့“ရန်” ကတော့ ဘယ်မိန်းကလေးနဲ့မှ အတည်တကျ မတွဲပါဘူး။ဒီလိုနဲ့ တစ်နေ့မှာ “မီအူ ဟာမာဆာခီ” ဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီး သူ့ရဲ့ခံစားချက်တွေစတင်ပြောင်းလဲလာပါတော့တယ်။လေးနက်တဲ့ဆက်ဆံရေးတစ်ခုတည်ကို တည်ဆောက်လိုက်တာနဲ့ အနည်းနဲ့အများ နာကျင်ရမယ်မှန်း“ရန်” တစ်ယောက်ကောင်းကောင်းကြီးသိပါတယ်။ သို့သော်ငြားလည်း ..။အဓိကဇာတ်ဆောင်တွေအနေနဲ့ မင်းသားချော Ryusei Yokihama နဲ့ ချစ်စရာ့အသွင်အပြင်နဲ့မင်းသမီးလေး Sara Minami တို့က အဓိကပါဝင်သရုပ်ဆောင်ထားလို့ ကြည့်ပြီးသား“Nevertheless” နဲ့ မတူတဲ့ တစ်မူထူးတဲ့ vibe ကို ခံစားရမှာမို့ ကြည့်ရှုခံစားနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်။