Kim Jung Ho (Lee Seung Gi) ဟာ monster genius လို့ လူသိများပြီး ထက်မြက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်ခဲ့ပေမယ့် အဖေဖြစ်သူရဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် အလုပ်ကနေ ထွက်ခဲ့ရတယ်။ အဲ့ဒီအချိန်ကစပြီး အလုပ်လက်မဲ့ဖြစ်သွားတဲ့ Jung Ho က သူပိုင်တဲ့ အဆောက်အဦးရဲ့ ခေါင်မိုးထပ်မှာနေပြီး အိမ်ဌားခတွေနဲ့ပဲ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းခဲ့တယ်။ Kim Yoo Ri (Lee Se Young) ကတော့ တရားမျှတမှုကို လိုလားပြီး လှပတဲ့ ရှေ့နေမလေး .. ဥပဒေကုမ္ပဏီကြီးတစ်ခုကနေ အလုပ်ထွက်ခဲ့ပြီးတဲ့နောက် Jung Ho ရဲ့ အဆောက်အဦးမှာ “Law Cafe”ကို ဖွင့်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ် ..