Until I Kill You FHD

Until I Kill You

Crime FHD 2024-04-07 6.1

ဒီ Mini-series လေးကတော့ Delia Balmer ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ” Living with a Serial Killer ” ကိုမှီညမ်းပြီး Julia Ford ကရိုက်ကူးထားတာပါ။အဲ့စာအုပ်မှာ Delia Balmer က သူရဲ့ရည်းစားဟောင်းဖြစ်သူဂျွန်က ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်နေတာကြောင့် သူကြုံခဲ့ရတာတွေနဲ့သူ့ဘ၀အပေါ်ဘယ်လိုသက်ရောက်စေခဲ့သလဲဆိုတာတွေပါ၀င်ပါတယ်။Series ကလည်း ဒီလီယာ ဂျွန်ကိုစတွေ့ခဲ့တဲ့အချိန်ကစပြီး ဂျွန်ရဲ့ အမူအရာတွေ ပြောဆိုဆက်ဆံပုံတွေနဲ့ နောက်ဆုံးသူ့ရည်းစားဟောင်းကိုအပိုင်းပိုင်းဖြတ်ပြီး သတ်ခဲ့ပါတယ်လို့ ၀န်ခံလိုက်ပြီးဒီလီယာကိုအန္တရာယ်ပြုဖို့ကြိုးစားတဲ့နောက် သူကြုံရတာတွေနဲ့တရားရုံးမှာပြန်တွေ့တာတွေကို ရိုက်ကူးပြထားတာပါ။ပုံမှန်ဆို ကွင်းဆက်လူသတ်သမားတွေဘက်ကပဲ ရိုက်ကူးကြတာများပေမယ့် ဒီ True-crime drama လေးက အခြားနဲ့ကွဲထွက်နေတာက ခံရသူဘက်က ရိုက်ပြထားတာပါ။လက်ရှိအပြင်က ရည်းစားကောင်မလေးတွေသတ် အပိုင်းပိုင်းဖြတ်ပြီး တူး‌မြောင်းတွေထဲပစ်ချခဲ့တဲ့ ဂျွန်ဆွစ်နီကတော့ တစ်သက်တစ်ကျွန်းကျနေပါတယ်တဲ့။True-crime fans တွေလက်မလွှတ်သင့်သလို mini-series လေးမို့ အချိန်ပေးရတန်ပါတယ်။ 

အပိုင်းများ

Season - 1