The Magic of Shiri FHD

The Magic of Shiri

Comedy Drama Family FHD 2024-11-14 8.3

အိန္ဒိယရုပ်သံဇာတ်လမ်းတွဲမင်းသမီးချော ဒစ်ဗ်ယန်ကာထရီပသီရဲ့ အပိုင်းဆယ်ပိုင်းပါဝင်တဲ့ဒရာမာဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်အိမ်ထောင်သည်ဘ၀ကိုရောက်သွားတော့ လူတွေပြောကြတယ်…။ ဝမ်းနည်းမှုတွေဆိုတာတဖြည်းဖြည်း လျော့နည်းသွားမဲ့အရာပါတဲ့။လူတွေမပြောကြတာ ပျော်ရွှင်မှုကလည်း လျော့နည်းသွားတတ်တဲ့အရာဆိုတာပဲ။ဒါကတော့ ဒီဇာတ်လမ်းရဲ့ အဓိကသရုပ်ဆောင် မျက်လှည့်ပညာရှင် ရှီရီရဲ့ရင်ထဲက နာလိုခံခက်ခံစားမှုတစ်ခု။နာဗင်းဆိုတဲ့ ခင်ပွန်းသည်နဲ့အတူ ပေါင်းဖက်ရဖို့အရေး ရှီရီတစ်ယောက် ငယ်ဘ၀အိပ်မက်တွေကို လက်လျှော့ထားခဲ့ရ။မပြေလည်တဲ့စီးပွားရေးကြားမှာ သားရယ်သမီးရယ်နဲ့ အိမ်ထောင်မှုတာဝန်ကို ကျေပွန်ပျော်ရွှင်စွာနဲ့ထမ်းဆောင်နေတဲ့ ရှီရီချစ်ရတဲ့ခင်ပွန်းဖြစ်သူက ဒုက္ခတွေကို မခံစားနိုင်တော့ဘဲ သူတို့သားအမိတွေကိုစွန့်ခွာထွက်ပြေးတဲ့နောက်မှာတော့ ရှီရီတစ်ယောက် ငယ်ဘ၀အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်းလက်တွေ့ဘ၀ထဲက မှော်ဆန်မှုကို ခံစားကြည့်ရှုကြရမှာပါ။