မြို့ပြရဲ့ အဝေးမှာ ရှိတဲ့ ကျေးလက်သဘာဝ အလှတရားတွေကို ခံစားနိုင်မဲ့ရှိုးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရှိုးလေးမှာတော့ Cha Eun Woo၊ Lee Je Hoon၊ Lee Dong Hwi နဲ့Kwak Dong Yeon တို့ ၄ ယောက်ဟာ အင်မတန် လှပလွန်းတဲ့ ဖင်လန်နိုင်ငံကကျေးလက်ဒေသလေး တစ်ခုမှာ သွားရောက်နေထိုင်တာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။လျှပ်စစ်မီးနဲ့ ရေ ရရှိရုံလောက်နဲ့တင် နိဗ္ဗာန်ဘုံတစ်ခုလို ဖြစ်နေတဲ့ ကျေးလက်ဒေသဘက်မှာမြို့သားလေး ၄ ယောက် အခက်အခဲတွေကြား ဘယ်လိုနေထိုင်သွားကြမလဲဆိုတာကိုကိုယ်တိုင် ဖင်လန်နိုင်ငံကို ရောက်ရှိသွားသလိုမျိုး ခံစားစေရမဲ့ ရိုက်ချက် ခပ်မိုက်မိုက်တွေအပြင်ဒေသန္တရ ဗဟုသုတ စုံလင်စွာလည်း ရရှိနိုင်မှာဖြစ်လို့ ခံစားကြည့်ရှုလိုက်ပါဦးနော်။