Mr Loverman FHD

Mr Loverman

Drama FHD 2024-10-14 8

ဒီတစ်ခါမှာတော့ နာမည်ကြီးလူမည်းမင်းသားကြီး Lennie Jamesပါဝင်သရုပ်ဆောင်ထားတဲ့ ထူးထူးခြားခြား BL Series လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Mr Loverman ဖြစ်ပြီး လက်ရှိ IMDb 7.0 အထိရရှိထားတဲ့အတွက် စိတ်ဝင်စားစရာကောင်းမယ်ဆိုတာကတော့ငြင်းစရာကိုမရှိပါဘူး။အဓိကကတော့ ငယ်ငယ်လေးကတည်းကအချင်းချင်းစိတ်ဝင်စားလာပြီး နှစ်ပေါင်း ၆၀ ကျော်ချစ်ခင်လာခဲ့ကြတဲ့ယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ကြားကဒရာမာစစ်စစ်ကိုမိသားစုအရှုပ်အထွေးတွေနဲ့ရှုစားရမှာပဲဖြစ်ပါတယ်။အဲ့ဒီယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ဆိုတာကတော့ဘာရီနဲ့မောရစ်တို့ဖြစ်ပြီး ငယ်ငယ်လေးကတည်းက ၁၅၀၀အချစ်နဲ့ကြိတ်ပုန်းလေးချစ်လာ‌ကြတာ အခုဆိုရင် အသက် ၇၅နှစ်တောင်ရှိပြီးသားသမီးတွေနဲ့မြေးတွေပါရနေပါပြီ။၇၅ နှစ်ဆိုတဲ့အသက်အရွယ်ကသူတို့အမြင်မှာတော့လူ့သက်တမ်းရဲ့၄ ပုံ ၃ ပုံကျိုးနေပြီဖြစ်တဲ့အတွက် ကျန်တဲ့ ၄ ပုံ ၁ ပုံကို သူတို့ချစ်သူနှစ်ယောက်တည်းအတူတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်လာခဲ့ကြပါတယ်။အဲ့ဒါကြောင့်ဘာရီကမိန်းမဖြစ်သူနဲ့ကွာရှင်းဖို့ပြောမယ်လို့ဆိုရာကနေဇာတ်လမ်းကစတော့တာပါပဲ။သူ့မိန်းမကိုပြောဖို့လုပ်လိုက်တိုင်းတခြားပြဿနာတွေတက်လို့တက်သမီးတွေကလည်းတစ်ယောက်တစ်မျိုးစီနဲ့တိုင်ပတ်နေတဲ့အပြင်ကိုမှသူ့ချစ်သူမောရစ်ကလည်း လက်ထပ်ချင်တယ်လို့ပါပြောလာတဲ့အခါမှာတော့ ဘာရီတစ်ယောက်ခေါင်းတွေရှုပ်ရင်း မိသားစုနှစ်ခုကြားကသူတို့ရဲ့အချစ်ခရီးကိုဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာနဲ့ရှုစားရမှာပဲဖြစ်ပါတယ်။