The Madness FHD

The Madness

Netflix ရဲ့ Crime၊ Drama ၊ Mystery နဲ့ Thriller စီးရီးသစ်ဖြစ်တဲ့ The Madness ဟာ Netflix Global Top 1 အဖြစ်Hot နေတာဖြစ်ပါတယ်။တီဗီအစီအစဥ်တင်ဆက်သူမွန်စီဒန်နီရယ်စ်က ကျော်ကြားမှုတွေနဲ့ဝေးရာတောအုပ်ထဲကအိမ်ငယ်လေးတစ်လုံးမှာ သွားရောက်အပန်းဖြေနေထိုင်နေတုန်း လူသတ်မှုတစ်ခုနဲ့တွေ့ကြုံလိုက်ရပါတယ်။သူ့ကို​မြင်သွားတဲ့လူသတ်သမားတွေလက်ကနေ မွန်စီဟာအသက်လုထွက်ပြေးလာနိုင်ခဲ့ပြီး ရဲတိုင်လိုက်တာကြောင့် ရဲကလာကြည့်ချိန်မှာတော့ အလောင်းကရှိမနေခဲ့ဘဲ ရဲကမွန်စီ့ကိုသာသံသယဝင်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ လူသတ်သမားဟာ မွန်စီ့ကိုလူသတ်တရားခံအဖြစ်ချောက်ချဖို့ကြိုးပမ်းလာပါတော့တယ်။ လူသတ်မှုတစ်ခုထဲဘုမသိဘမသိဆွဲထည့်ခံလိုက်ရတဲ့မွန်စီတစ်ယောက် အသတ်ခံရတဲ့သူကဘယ်သူလဲ။ လူသတ်သမားကဘယ်သူလဲ။ ဘာလို့သတ်တာလဲ။သူကဘာလို့ဆွဲထည့်ခံခဲ့ရလဲဆိုတာလိုက်လံစုံစမ်းရင်းသူထင်တာထက်ပိုရှုပ်ထွေးတဲ့သပွက်အူပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရပုံကိုအသည်းတအေးအေးကြည့်ရှုရမှာဖြစ်ပါတယ်။